[Zawgyi]
ကားပေါ်ကဆင်းသည်နှင့် တစ်ပြိုင်နက်
Baekhyunသည် အိမ်ထဲသို့ ပြေးဝင်သွားတော့သည် ။
Luhanလည်း Baekhyunနောက်သို့ ပြေးလိုက်ရန်အပြု လက်ထဲမှ ဖုန်းကမြည်လာသောကြောင့်
ခေါ်ဆိုသူကို ကြည့်ရှုလိုက်သည် ။ ဖုန်းမှန်ပြင်တွင်
ပေါ်နေသည့် ဖုန်းနံပါတ်သည် ယခုလအတွင်း Luhanထံသို့ ခေါ်ဆိုမူများသော ဖုန်းနံပါတ်ဖြစ်လေသည် ။" ဟယ်လို...Chanyeol "
Chanyeolဟူသော နေရာအရောက်တွင် အိမ်ထဲမှ အရိပ်အခြေကို ကြည့်ရင်း အသံသည် နိမ့်သွားလေ၏ ။
" Baekhyunee အဆင်ပြေရဲ့လား "
" သိပ်တော့မပြေဘူး...ငါအခု သူ့ဆီသွားမလို့ "
" ပီးရင် အခြေအနေတစ်ချက်ပြန်ပြောပေးနိုင်မလား
ငါ အရမ်းစိတ်ပူနေလို့ "ခွန်အားမရှိသလို ဖျော့တိုးသော Chanyeol၏ အသံကြောင့် Luhan သည် Chanyeolကိုလည်း
အပြစ်မတင်ရက်တော့ပေ ....
ထို့ကြောင့်.. .." အင်း...ငါအခြေအနေပြန်ပြောပေးမယ် "
" ကျေးဇူးပါ Luhan "
" ရပါတယ်....ဒါပဲနော် ..ငါ Baek ဆီသွားလိုက်အုံးမယ် "
ထို့နောက် Luhanသည် ဖုန်းချလိုက်တော့သည် ။
ဆုံလည်ကုလားထိုင်ပေါ်တွင် ခေါင်းကို နောက်မှီလှန်ချထားသည့် Chanyeolသည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည် ။
ဖြူဖျော့နေသည့် မျက်နှာလေးကို မြင်ယောင်မိလေတိုင်း အပြစ်ရှိသလို ခံစားနေရသည် ။
လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသော hyun၏ ပုံရိပ်ကို မျက်လုံးထဲက မထွက်...မျက်ရည်တွေတွေကျနေသည့် အဖြစ်ကို မြင်နေရလျက် သုတ်ပေးခွင့်မရှိခဲ့ခြင်း....
အတိတ်ကလည်း ထိုသို့ ဖြစ်ရပ်မျိုး ထပ်တူဖြစ်ခဲ့ဖူးသည် ။" ကိုယ်တော့...မင်းအတွက် လူဆိုးလုံးလုံး ဖြစ်နေပါပီ baekhyuneeရယ် "
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......