[Zawgyi]
Baekhyunတစ်ယောက် PC ကုမ္ပဏီ ရှေ့သို့ မနက်8နာရီခန့်ကတည်းက ရောက်နေသည် ။
အထပ်မြင့် အဆောက်အဦးတွေကို မျှော်ကြည့်ပြီး စိတ်လှုပ်ရှားနေမိသည် ။
အလုပ်သစ်မှာ အဆင်ပြေပါ့မလား စိုးရိမ်မိခြင်းလည်း ပါသည် ။
နေရာသစ်တွင် လူသစ်တို့နှင့် အသားမကျမည်ကို စိုးရိမ်၍ အလုပ်တစ်ခုပြီးတစ်ခုမပြောင်းခဲ့ဘဲ စာအုပ်တိုက်တွင်သာ လုပ်ကိုင်ခဲ့ခြင်း ။
ထိုစာအုပ်တိုက်ကလည်း Baekhyunကို သဘောကျတာကြောင့် အလုပ်ထွက်သည်ကို လက်မခံဘဲ အချိန်ပိုင်းပဲ ဖြစ်ဖြစ် စာရေးပေးဖို့ တောင်းဆိုထားသေးသည် ။
နောက်ဆုံးတော့ တနင်္ဂနွေ ပိတ်ရက်သည် စာအုပ်တိုက်အတွက် ဖြစ်သွားတော့သည် ။
ဒီလိုလူကို အနားမပေးခြင်းသည် Baekhyun စိတ်တို့ လွတ်လပ်နေမည်စိုးခြင်းကြောင့် ...။တွေးလက်စ အတွေးမျှင်တို့ကို ဖြတ်ချလျက်
9ထပ်မြောက်တွင်ရှိသော PC ရုံးဆိုက်ရောက်ရာရှေ့သို့ ရောက်လာခဲ့သည် ။
သူ့ကို အင်တာဗျူးစဉ်က တွေ့ခဲ့သည့် မန်နေဂျာဆိုသူက Baekhyunကိုမြင်သည့်အခါ
အပြေးရောက်လာပြီး နှုတ်ဆက်လေသည် ။" Baekhyun shii..ရောက်လာပီနော် ..."
အပြောနှင့်အတူ ဋ္ဌာနတွင်ရှိသည့် လူအားလုံးနှင့်
မိတ်ဆက်ပေးသည် ။ဒီအလုပ်ဝင်မှတော့ ဒီကလူအားလုံးနဲ့ အဆင်ပြေပြေ
နေထိုင်မှ ဖြစ်မည်ကို သဘောပေါက်တာကြောင့်
Baekhyunလည်း ခပ်သွက်သွက် ပြန်နှုတ်ဆက်
လိုက်သည် ။" မင်္ဂလာပါဗျ...Byun Baekhyunလို့ခေါ်ပါတယ်
အလုပ်သစ်မှာ နားမလည်တာရှိရင် သင်ပြပေးကြပါအုံး..."" ဟုတ်ကဲ့...မသိတာရှိရင် ကျွန်မတို့အားလုံးကို မေးနိုင်ပါတယ်..."
ဖော်ရွေသည်ထက် ပိုသော အရာတစ်ခုကို Baekhyun ခံစားနေမိသည် ။
ရိုကျိုးနေသလိုပင်....Baekhyunဆက်မတွေးတော့ဘဲ သူ့အတွက်နေရာကိုသာ ပြပေးဖို့ ပြောလိုက်တော့သည် ။
YOU ARE READING
Old Frame
Fanfiction[Zawgyi] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း ....... [Unicode] မဟောင်းနွမ်းသော ချစ်ခြင်းမေတ္တာနှင့် ဘယ်သောအခါကမှ ရင်ထဲက မထုတ်ရက်ခဲ့လေသော သူ တစ်ယောက်အကြောင်း .......