[ 22 ]

5.2K 451 18
                                    

[Zawgyi]

သွေးမြင်​ပြီး ​မေ့သွားတဲ့ ဝမ်​ရိ​ပေါ်ကို သယ်​ရတာ အသက်​ထွက်​မတတ်​ပဲ။ လူကသာ ပိန်​သလိုရှိတာ ​လေးလိုက်​တာများ ​ကျောက်​တုံးသယ်​​နေရသလိုပဲ။

တကယ်​ပါပဲ ဒီဝမ်​ရိ​ပေါ်ကို ချစ်​မိမှပဲ ​တွေ့လိုက်​ရတဲ့ ဒုက္ခ.....။

လွယ်​အိတ်​တစ်​လုံးကို သိုင်းလွယ်​ပြီး၊ ​နောက်​တစ်​လုံးကိုက လည်​ပင်းမှာချိတ်​ထားရင်း ဝမ်​ရိ​ပေါ်ကို ကုန်းပိုးထားရတဲ့ သူ့ကို တခြားသူ​တွေက ဝိုင်းကြည့်​​နေကြသည်​။

ဆေးခန်းတစ်​ခု​ရောက်​တာနှင့်​ ရိ​ပေါ်ကို ​ကုတင်​​ပေါ်တင်​ပြီး ကိုယ်​တိုင်​လည်း အ​မော​ဖြေရ​သေးသည်​။ လူက နဂိုကမှ ပိန်​ပါတယ်​ဆို ဝမ်​ရိ​ပေါ်ရဲ့ခန္ဓာကိုယ်​ကြီးကိုလည်း မနိုင်​မနင်းသယ်​လာရ​သေးတာမို့ လျှာထွက်​မတတ်​ ​မော​နေပြီ။

ဆရာဝန်​က ရိ​ပေါ်ကို စမ်းသပ်​​နေရင်း သူ့ဘက်​ လှည့်​​မေးလာသည်​။

"သူကဘာဖြစ်​လာတာလဲ​ကျောင်းသား"

"ဟို..ကျွန်​​တော်​ရိုက်​လိုက်​မိတာဆရာ"

"​ဟေ"

"ဒီလိုပါ..ကျွန်​​တော်​သူ့ကိုသရဲထင်​ပြီးတံမြက်​စည်းနဲ့​ဆော်​လိုက်​တာနှာ​ခေါင်း​သွေးယိုသွားတယ်​..အဲ့တာကိုသူက​သွေးမြင်​ပြီးအခုလို​မေ့သွားတာပဲဆရာ"

"​အော်​ဒါဆိုသူက​သွေး​ကြောက်​တတ်​တာပဲ"

"ဟုတ်​မယ်​ဆရာ"

"အခုဆရာသူ့ကို​ဆေးထည့်​​ပေးထားတယ်​..ဘာမှစိုးရိမ်​စရာမရှိပါဘူး"

"ဟုတ်​"

ဆေးဖိုးလည်း ကိုယ့်​မုန့်​ဖိုးထဲက ရှင်း​ပေးလိုက်​ရသည်​။ ​ကောင်းလိုက်​တဲ့ crushကြီး။

ဘေးကထိုင်​​စောင့်​​ပေး​နေရင်း ကိုယ်​​တော်​​ချောရဲ့ မျက်​နှာကို တစိမ့်​စိမ့်​ကြည့်​​နေမိတယ်​။ တစ်​သက်​လုံး ထိုင်​ကြည့်​​နေရင်​​တောင်​ မငြီး​ငွေ့သွားမဲ့ မျက်​နှာ​လေး။

ငေးလို့​ကောင်း​နေတုန်း မျက်​​တောင်​​လေး​တွေ လှုပ်​လာတဲ့ ရိ​ပေါ်​ကြောင့်​ ကိုယ်​ကို အနည်းငယ်​ ပြန်​မတ်​လိုက်​သည်​။ သတိရရင်​လည်း မြန်​မြန်​ထပါ​တော့ ကွာ။

Purple Lilac[Completed]Where stories live. Discover now