[ 14 ]

5.6K 506 71
                                    

A.N-အပိုင်း(၁၄)မ​ရေးခင်​လျှာ​လေးနည်းနည်းရှည်​ဦးမယ်​​နော်​...​ရှေ့အပိုင်းမှာ​ရေးသွား​တဲ့စာ​မေးပွဲကလူစီတဲ့နည်းက​လေကိုယ်​​တွေ၇တန်းတုန်းကတကယ်​အဲ့လို​ဖြေခဲ့ရတာပါ..ကိုယ်​​တွေတုန်းက​တော့​ယောက်ျား​လေးမိန်းက​လေး​ရောပစ်​တာသိတဲ့လူ​ရောမသိတဲ့လူ​ရောပဲ..ကိုယ့်​တုန်းက​တော့တမင်​ကိုcrh​ဘေးနားဝင်​ထိုင်​ခဲ့တာပါ...အဲ့လိုကြီး​ဖြေခိုင်းတာမဖြစ်​နိုင်​ဘူးထင်​​နေမှာဆိုးလို့ပါ​နော်​မယုံမရှိနဲ့ကိုယ်​​တွေ့​ဖြေခဲ့ရတာသိလား..crhကိုအ​ငေး​ကောင်းပြီးစာ​တွေ​မေ့ကုန်​လို့အဆင့်​ကျပြီးအရိုက်​​တောင်​ခံလိုက်​ရ​သေးတယ်

[Zawgyi]

နှစ်​လယ်​စာ​မေးပွဲဆို​ပေမဲ့ ဒီစာ​မေးပွဲရဲ့မှတ်​တမ်း​တွေက အ​ရေးကြီးသည်​မို့ မ​ပေါ့ဆရဲ။ အကယ်​၍သာ အပျင်းကြီး​နေခဲ့လျှင်​ ကားခနဲကျသွားနိုင်​သည်​မို့ ​ရှောင်းကျန့်​​ရေကုန်​​ရေခန်းကြိုးစားရသည်​။

အခြားဘာသာ​တွေကို လွယ်​လွယ်​ကူကူ​ကျော်​ဖြတ်​နိုင်​​ပေမဲ့ အခက်​​တွေ့​နေသည်​က သင်္ချာဘာသာရပ်​။ ​ရှောင်းကျန့်​က အင်္ဂလိပ်​စာနှင့်​ကျက်​စာ​တွေမှာ ​တော်​​ပေမဲ့ သင်္ချာမှာ​တော့တကယ်​အားနည်းသည်​။ ကိုယ်​တိုင်​ကလည်း စိတ်​မဝင်​စားတဲ့ ဘာသာရပ်​မို့ဖြစ်​မည်​။

ဒီ​နေ့​တော့အရင်​​နေ့​တွေကလို ​အေး​ဆေးမ​နေနိုင်​ပဲ စာ​မေးပွဲခန်းမဝင်​ခင်​ ရှိသမျှဘုရားအကုန်​တထားရသည်​။ စိတ်​လှုပ်​ရှား​နေ၍ လက်​ဖဝါးက​နေ​တောင်​ ​ချွေး​စေး​တွေထွက်​​နေသည်​။

"ဗုဒ္ဓ၊​ယေရှု၊အလ္လာ ကြုံတဲ့ဘုရားဆင်းကယ်​ကြပါဦး.. သင်္ချာကို​ကြောက်​လို့​သေ​တော့မယ်​​ဗျ"

ထိုင်​​နေကျ အုတ်​ခုံ​လေး​ပေါ်မှာ​ စာ​မေးပွဲခန်းထဲဝင်​ရန်​ ​စောင့်​​နေမိသည်​။

"​ကျောင်းသား​တွေ စာ​ဖြေခန်းထဲဝင်​နိုင်​ပါပြီ"

ဆရာမ၏အသံကြားတာနှင့်​ ထိုင်​​နေရာမှာဆတ်​ခနဲထကာ ​လျှောက်​သွားလိုက်​သည်​။ စာ​ဖြေခန်းထဲ အ​စောဝင်​​နေတာက ပိုပြီး​ကောင်းပါသည်​​လေ။

Purple Lilac[Completed]Where stories live. Discover now