[ 4 ]

7.4K 594 3
                                    

[Zawgyi]

"ကျန့်​ကျန့်​​ရေ...ကျန့်​ကျန့်​ထ​တော့​လေသားရယ်​​ကျောင်း​နောက်​ကျ​နေမယ်​"

အခန်းအပြင်​မှ မားလာနှိုးသံကြား၍ အိပ်​ချင်​မူးတူးဖြစ်​​နေတဲ့မျက်​လုံး​တွေကို အားယူကာ ဖွင့်​လိုက်​ပြီး အိပ်​ရာမှထရန်​ပြင်​လိုက်​သည်​။

ထိုစဉ်​ အခန်းအပြင်​ဘက်​မှ မားရဲ့အသံက ထပ်​ထွက်​လာပြန်​သည်​။

"ကျန့်​ကျန့်​မင်းအခုထိမထွက်​လာ​သေးရင်​ငါတုတ်​နဲ့ဝင်​လာပြီ​နော်​"

"ထပြီထပြီလို့..မားကလည်း"

"မားကလည်း​တွေဘာ​တွေလုပ်​မ​နေနဲ့သား...မြန်​မြန်​​ရေချိုးမြန်​မြန်​အဝတ်​အစားလဲပြီးထွက်​ခဲ့"

"ဟုတ်​မား"

ရှောင်းကျန့်​တို့အိမ်​၏ မနက်​ခင်း​တေးသံသာ​လေးသည်​​​ အိပ်​ပုတ်​ကြီး​သော ​ရှောင်းကျန့်​အား လာနှိုး​လေ့ရှိ​သောမား၏ တုတ်​ကြိမ်းသံ​လေးပင်​ဖြစ်​ပေ​သည်​။

မားကသတိ​ပေးသွားပြီမို့​ ရေကိုဖြစ်​သလို အမြန်​ချိုးကာ​ ကျောင်းဝတ်​စုံအမြန်​လဲလိုက်​သည်​။ လွယ်​အိတ်​ကို​ကောက်​လွယ်​ပြီး အခန်းထဲက ထွက်​မည်​ပြုပြီးခါမှသတိရသည်​။

"ဒါကျန်​ခဲ့ရင်​ငါးပါး​မှောက်​​တော့မလို့သတိရလို့​တော်​​သေးတယ်​"

တစ်​ညလုံး ကြိုးစားပမ်းစားလုပ်​ထားရ​သော သင်​​ထောက်​ကူပစ္စည်း​လေးကို လွယ်​အိတ်​ထဲ​ ​ကောက်​ထည့်​ပြီး ထမင်းစားခန်းထဲ အမြန်​​ပြေးသွားလိုက်​သည်​။

"သား​ရောက်​ပြီ​နော်​မား"

ထမင်းစားပွဲတွင်​ဝင်​ထိုင်​ရင်း မားကို လှမ်းအ​ကြောင်းကြားရ​သေးသည်​။

"​ရော့ဒီမှာသားအတွက်​နို့နဲ့​ပေါင်​မုန့်​"

မားလက်​ထဲမှ နို့ခွက်​ကိုမြင်​ပြီး သူ့မျက်​နှာအ​တော်​ကိုရှုံ့မဲ့လိုက်​မိသည်​။ မကြိုက်​ပါဘူးဆို ဒီနွားနို့ကြီးကို​ သောက်​ရဦးမည်​။

"မား..ဒီနို့ကြီးမ​သောက်​လို့မရဘူးလားဟင်​"

နို့မ​သောက်​ရရင်​ပြီး​ရောဆိုပြီး မလုပ်​စဖူး ချစ်​စဖွယ်​အမူအယာ​လေးဖြစ်​သည့်​ မျက်​လုံး​လေး​ပေကလပ်​​ပေကလပ်​ လုပ်​ပြလိုက်​​သော်​လည်း မားကအဖက်​မလုပ်​။

Purple Lilac[Completed]Where stories live. Discover now