[ 23 ]

5.2K 432 31
                                    

[Zawgyi]

ရှောင်းကျန့်​အ​ပေါ်မှာ မရိုးသားတဲ့ ခံစားချက်​​တွေ ရှိ​နေမိတာကို သတိထားမိတဲ့အချိန်​က အရမ်းကို တုန်​လှုပ်​သွားခဲ့တယ်​။ ဘာလို့ သူက မျိုးတူ​ယောက်ျား​လေးတစ်​​ယောက်​အ​ပေါ် ဒီလိုခံစားချက်​​တွေ ထား​နေမိတာလဲ။ ဒါကြီးက မဖြစ်​သင့်​ဘူးမလား။

မဖြစ်​နိုင်​ဘူးဆိုတာထက်​ မဖြစ်​သင့်​ဘူးဆိုတဲ့ အ​တွေးနဲ့ ​ရှောင်းကျန့်​ကို ခပ်​တန်းတန်းပဲ ဆက်​ဆံခဲ့တယ်​။ ​ဒါ​ပေမဲ့ အဲ့ဒီငနဲက အမြဲတမ်း သူ့ကို လာလာကြည့်​​နေတာများ မျက်​လုံးကြီး ကျွတ်​ထွက်​မတတ်​ပဲ။ အတန်း​ခေါင်း​ဆောင်​ဆိုတိုင်း အတန်းသားတစ်​​ယောက်​ကို အဲ့လိုကြီး မျက်​စိ​ဒေါက်​​ထောက်​ ကြည့်​​နေစရာလိုလို့လား။ ဒီကမှ အစကတည်းက ပုံမှန်​မဟုတ်​တဲ့ ခံစားချက်​​တွေ​ကြောင့်​ ထိုင်​မရထမရဖြစ်​​နေတာကို အဲ့​ကောင်​က အဲ့လိုလာလာစား​သေးတာ။

ရှောင်းကျန့်​ရာ မင်း​တော်​​တော်​ဆိုး.....။

အလယ်​တန်းမှာ ပထမဆုံးစသတိထားမိတဲ့ ​ရှောင်းကျန့်​ကို အစက ပုံမှန်​အတိုင်းပဲ ဆက်​ဆံခဲ့တယ်​။ ဒါ​ပေမဲ့ သူ့စိတ်​ထဲမှာ ​နေရာစယူလာတာက mini martတစ်​ခုမှာ ဝင်​တိုက်​ခဲ့မိတဲ့ အချိန်​ကလို့ ​ပြောရမယ်​။

ကိုယ့်​ကို ဘလိုင်းကြီး လာ​ဆော်​တဲ့​ကောင်​​တွေနဲ့ ထိုးကြိတ်​ခဲ့ပြီး ​ဆေးထည့်​ဖို့ ဝင်​ဝယ်​တာကို ​ရှောင်းကျန့်နဲ့ ဝင်​တိုက်​ခဲ့မိတယ်​။ ကိုရီးယားကား​တွေထဲကလို မင်းသားနဲ့မင်းသမီး တိုက်​မိတာမျိုးမဟုတ်​လို့ ရိုမဆန်​​ပေမဲ့ အဲ့ဒီ​ရှောင်းကျန့်​က သူ့ကိုမြင်​​တော့ ဖြစ်​သွားတဲ့ပုံစံက အ​တော်​ချစ်​ဖို့​ကောင်းတာ​တော့အမှန်​ပဲ။ မျက်​လုံးပြူးပြီး ကြည့်​​နေတာများ မမြင်​ဖူးတဲ့သူ​တွေကျလို့။

မြင်​ပြီးရင်​လည်း ထွက်​သွား​ပေါ့၊ အဲ့လိုမဟုတ်​ပဲ သူ့ကို​တောင်​ ​ဆေးလာထည့်​​ပေး​နေလိုက်​​သေးတယ်​။ စိုက်​ကြည့်​​နေမိတဲ့ သူ့မျက်​လုံး​တွေကို​တောင်​ ဂရုပြုမိပုံမ​ပေါ်ပဲ နှုတ်​ခမ်း​ထော်​ပြီး ​ဆေးကိုမှုတ်​​ပေး​နေလိုက်​​သေးတာ။

Purple Lilac[Completed]Where stories live. Discover now