[ 7 ]

6.6K 574 68
                                    

[Zawgyi]

နွေရာသီ​ကျောင်းပိတ်​ရက်​များသည်​​ ပျော်​စရာ​ကောင်းသလို ပျင်းစရာလည်း​ကောင်းလွန်းလှသည်​။

ကျောင်းဖွင့်​တုန်းကလို ဆရာမအိမ်​စာစစ်​ခါနီးမှ​ ​ဘေးမှ အမြန်​ကူး​ရေးရသည့်ဒုက္ခ၊ စာ​မေးခါနီးဆို ဖိနပ်​​မှောက်​ရသည့်​ ဒုက္ခများ​တော့မရှိ​ပေမဲ့ အိမ်​ကမာတာမိခင်​၏ rapရွတ်​သံများကို ၂၄နာရီမှာ၂၃နာရီ​လောက်​ ကြား​နေရသဖြင့်​ သိပ်​​တော့အဆင်​မ​ပြေ။

တခြားသူငယ်​ချင်းများများစားစားမရှိသည့်​ သူ့အတွက်​ ​စကား​ပြောစရာတိုင်​ပင်​စရာဆိုလျှင်​ယွီပင်းနှင့်​ကျိုးချန်​သာရှိသည်​။

အခုလည်း ဒီ​နေ့ကကျူ ရှင်​ပိတ်​ရက်​ဖြစ်​၍ မ​တွေ့ရ​သော​ကြောင့်​video callနှင့်​ အလွမ်းသယ်​​နေကြသည်​။

"​ဝေး​...​ရှောင်းကျန့်​မင်းမျက်​နှာကအီးမှန်​ထားသလိုပဲရှုံ့မဲ့​နေတာပဲဘာဖြစ်​လို့လဲ"

Screenထက်​က ယွီပင်းက လှမ်း​မေးလာသည်​။ ကျိုးချန်​က​တော့ သူ​ဖြေတာထိုင်​​စောင့်​​နေပုံပင်​။

"ဘယ်​သူရှိရမှာလဲငါ့မား​ပေါ့ကွာ"

"ဘာဖြစ်​ပြန်​ပြီလဲမင်းအဆူခံရပြန်​ပြီလား..ဟီးဟီး"

"​ဘောကိုဟီးဟီး..​ဟေ့​ကောင်​ယွီပင်းငါတင်း​နေတာ​နော်​"

"Yo bro..calm down calm down"

ယွီပင်းက စပ်​ဖြီးဖြီးရုပ်​နဲ့စ​နေသည်​မို့ လက်​သီး​ထောင်​ပြလိုက်​သည်​။

"မင်းနဲ့မင်းမားကဘာဖြစ်​ကြပြန်​ပြီလဲ"

တစ်​ဖက်​ကကျိုးချန်​က သူသိချင်​တာ ​မေးလာသည်​။

"ငါတကယ်​​ပြောတာငါ့မားသာrapperလုပ်​စားရင်​Eminemတို့ထိုင်​ငိုသွားမယ်​သိလား"

"ဟားဟားဟား..ဘာဖြစ်​လို့လဲကွာ"

ယွီပင်းနှင့်​ကျိုးချန်​က​တော့ ဗိုက်​နှိပ်​ပြီး ရယ်​​နေကြပြီ။

"​ရှောင်းကျန့်​ဆိုပြီးအစချီပြီးတာနဲ့​နောက်​ကတရစပ်​လိုက်​လာတဲ့စကားလုံး​တွေ..မ​မောနိုင်​မပန်းနိုင်​၁နာရီ​လောက်​ကိုထိုင်​ဆူနိုင်​တာ​နော်​"

Purple Lilac[Completed]Where stories live. Discover now