[ 27 ]

5.5K 471 21
                                    

[Zawgyi]

အချစ်​ဦးမို့ ရူးတယ်​ဆိုလည်း ခံရမှာပါပဲ။ အချစ်​ဦးက ကိုယ့်​ရဲ့ရည်းစားဦးဖြစ်​လာသည်​မို့ ကံ​ကောင်းသူ လူနည်းစုထဲတွင်​ သူပါသည်​ဟုဆိုရ​ပေမည်​။ မည်​သို့ဆို​စေ သူက​တော့ ရိ​ပေါ်ကို လုံးဝလက်​လွှတ်​​ပေး​တော့မည်​မဟုတ်​ပါ။

ဘယ်​တုန်းကမှ မ​မျှော်​လင့်​ခဲ့ဖူးတဲ့ ရိ​ပေါ်ရဲ့ အချစ်​​တွေကို လက်​ခံရရှိခဲ့ပြီမို့ ဒါဟာ သူ့အတွက်​ အ​ကောင်းမွန်​ဆုံး ဆုလာဘ်​တစ်​ခုပင်​။ ​ရှောင်းကျန့်​ဟာ ရိ​ပေါ်ကို အရမ်းအရမ်းကို ချစ်​ရပါသည်​။

"​ရှောင်းကျန့်​..​ရှောင်းကျန့်​"

နောက်​က​နေ အသံတိုးတိုးနှင့်​ ​ခေါ်​နေတာ​ကြောင့်​ လှည့်​ကြည့်​မိ​တော့ ပြုံးဖြီးဖြီးရုပ်​နှင့်​ ရိ​ပေါ်။

"ဘာလဲ"

"လွမ်းလို့"

"​ဘောလား..​ရှေ့နဲ့​နောက်​ထိုင်​​နေတာကို"

ရှောင်းကျန့်​ဆဲရင်​ အရမ်းချစ်​ဖို့​ကောင်းတာ။ ​ရှောင်​​ရှောင်းကျန့်​က​လေ ဘာလုပ်​လုပ်​ကို ချစ်​ဖို့​ကောင်း​နေ​တော့မှာလားကွာ။

"ဆဲ​နေရင်​ဖက်​နမ်းမှာ​နော်​"

"နမ်းကြည့်​​လေ..ငါကပိတ်​ထိုးမှာ"

အဲ့တာပါပဲ ဖက်​နမ်းမယ်​​ပြောရင်​ ဘယ်​​တော့မှ ငြိမ်​ခံမ​နေသည့်​ ချစ်​စရာ​အလွန်​​ကောင်းသည့်​ ရည်းစား​လေးပါ။ လက်​သီးကြိမ်းကလည်း အမြဲကြိမ်း​သေးတာ။

"​ရှောင်းကျန့်​"

"ရိ​ပေါ်ငါစာလုပ်​​နေတယ်​​လေကွာ..မင်းဘယ်​လိုဖြစ်​​နေလဲ"

"အဲ့စာ​တွေ​သေရင်​ကိုယ့်​​နောက်​မပါဘူး..​နောက်​မှလုပ်​"

"​အော်​မင်းက​ရောငါ​သေရင်​ငါ့​နောက်​ပါလာမှာဆို​တော့"

"​သေချာတာ​ပေါ့ပါစရာလား...စကီ​လေး​တွေနဲ့​နေခဲ့မှာ​ပေါ့"

"​ဘောပဲ​ဟေ့​ကောင်​"

စ​တာကို​တောင်​ စိတ်​ဆိုးတဲ့ ​ရှောင်းကျန့်​က တကယ်​ပဲ ဘာ​ကောင်​​လေးပါလိမ့်​။ အူယားပြီး ဖျစ်​ညှစ်​လိုက်​ရရင်​ မင်း​တော့ ​သေ​တော့မှာ။

Purple Lilac[Completed]Where stories live. Discover now