[ 8 ]

6.2K 546 20
                                    

[Zawgyi]


ရှောင်းကျန့်​ရဲ့ အိမ်​​ရှေ့ကပြန်​လာပြီး စာအုပ်​ဝယ်​မည့်​စိတ်​ကူး​လဲမရှိ​တော့ပြီမို့ အိမ်​ကိုပဲပြန်​လာခဲ့သည်​။

ထီးမ​ဆောင်းဘာမ​ဆောင်းနှင့်​ တစ်​​ယောက်​တည်း လမ်း​လျှောက်​ပြန်​လာရင်း မိုး​ရေကရွှဲရွှဲစို​နေပြီ။

အိမ်​ထဲတ​ရွေ့​ရွေ့ဝင်​လာ​သော သူ့ကို အိမ်​ကိုဘယ်​အချိန်​ကတည်းက ပြန်​​ရောက်​​နေမှန်းမသိတဲ့ ပါးနှင့်​မားက လှမ်းကြည့်​​နေကြသည်​။

သူ့ကိုကြည့်​​နေကြမှန်း သိ​သော်​လည်း စကား​ပြောချင်​စိတ်​က တစိုးတစီမျှရှိမ​နေသည်​မို့ အ​ပေါ်ထပ်​ကိုတက်​ရန်​ပဲ သူ​ခြေလှမ်းပြင်​လိုက်​သည်​။

"ဘာဖြစ်​လာတာလဲဝမ်​ရိ​ပေါ်"

ပါးက ခပ်​မာမာ လှမ်း​မေးလာသည်​။

သူ​နောက်​ပင်​ လှည့်​မကြည့်​​တော့ပဲ​ ကျောခိုင်းလျက်​ ပြန်​​ဖြေလိုက်​သည်​။

"ရန်​ဖြစ်​လာတာ"

ဘုဆတ်​ဆတ်​ပြန်​​ဖြေလိုက်​သည့်​သူ့ကို ပါးက​ဒေါသထွက်​သွားသည်​ထင်​သည်​။

"လူကြီးက​မေး​နေရင်​ရိုရို​သေ​သေပြန်​​ဖြေရမှန်းမင်းမသင်​ခဲ့ရဘူးလားရိ​ပေါ်"

"ဟက်​"

အလွန်​ရယ်​ချင်​စရာ​ကောင်းလှ​သော ပါး၏စကားကို ကြားရပြီးသည့်​​နောက်​ သူမ​နေနိုင်​ပဲရယ်​လိုက်​မိသည်​။

ကျောခိုင်းထားရာမှ ပါးရှိရာ ဖြည်းဖြည်ချင်း​လျှောက်​သွားပြီး ပါးနှင့်​မားကို စိုက်​ကြည့်​ပြီး သူ​ပြောချင်​တာများ ​ပြောချလိုက်​မိသည်​။

"ဟင့်​အင်းမသင်​ခဲ့ဖူးဘူး...လူကြီးစကား​ပြောရင်​ရိုရို​သေ​သေပြန်​​ပြောရမယ်​ဆိုတာကိုပါးနဲ့မားဆီက​နေတစ်​ခါမှမသင်​ခဲ့ရဘူး"

သားသမီးကို ဆုံးမဖို့​နေ​နေသာသာ သူတို့စီးပွား​ရေးသာ သူတို့ဘဝလုပ်​​နေကြသည့်​မိဘ​တွေမှ​ မွေးဖွားခဲ့သည့်​ရိ​ပေါ်ဟာ သူ့တစ်​သက်​မှာ ထိုလိုစကား​တွေ တစ်​ခါမှမကြားခဲ့ဖူး​ပေ။

Purple Lilac[Completed]Where stories live. Discover now