[ 29 ]

5.2K 460 25
                                    

[Zawgyi]

မိန်​ယွဲ့​​မွှေလိုက်​တဲ့ မုန်​တိုင်းရဲ့ တိုက်​ခတ်​မှုက ပြင်းထန်​သည်​။ အခု​တော့ သူဟာ ရိ​ပေါ်နဲ့ အဆက်​အသွယ်​ဖြတ်​လိုက်​ရတဲ့ အပြင်​ ​ကျောင်းပါတစ်​နှစ်​နားလိုက်​ရတဲ့အထိပဲ။

သူတို့နှစ်​​ယောက်​ကို ဘာလို့များ ဒီ​လောက်​ထိ ​နှောင့်​ယှက်​ချင်​​နေကြတာလဲ။ သူတို့နှစ်​​ယောက်​ ချစ်​တာက ဘာ​တွေများ မှားယွင်း​နေခဲ့လို့လဲ။ အတ္တကြီးမားချက်​​တွေက ​ကြောက်​ဖို့​ကောင်းလွန်းသည်​။

အခုဆို မား​ရောပါး​ရောက သူ့ကို စကားမ​ပြောကြ​တော့။ ပါးက ​ပြောချင်​​ပေမဲ့ ကြည့်​ရတာ မားက အကြပ်​ကိုင်​ထားပုံရသည်​။ အခုသူ့ဘဝက အကျယ်​ချူ ပ်​ကျ​နေရသလိုပဲ၊ အခန်း​အပြင်​လည်းထွက်​ခွင့်​မရှိပဲ ဖုန်းလည်း အသိမ်းခံထားရပြန်​​သေးသည်​။ ဘယ်​​လောက်​ထိများ သူ့ဘဝကို ချူ ပ်​ကိုင်​ကြဦးမှာလဲ။

"မားတံခါးဖွင့်​​ပေးပါ..မားကျွန်​​တော်​​တောင်းပန်​ပါတယ်​..ကျွန်​​တော်​ရိ​ပေါ်နဲ့​တွေ့ချင်​လို့ပါ"

"ပါးကူညီ​ပေးပါ..ပါး​ရေ"

အခန်းတံခါးကို တဒုန်းဒုန်းထုကာ ​တောင်းဆို​နေ​သော သူ့ကို တစ်​​ယောက်​မှ အဖက်​မလုပ်​ကြ။

"မား​ရေ..​တောင်းပန်​ပါတယ်​"

ရိ​ပေါ်နဲ့မှပဲ သူလည်း မျက်​ရည်​လွယ်​ခဲ့ဖူးပါပြီ။ အခန်းတံခါးကို ကန်​​ကျောက်​ထုနှက်​ရင်း မျက်​ရည်​တို့က အတိုင်းမသိ ကျဆင်း​နေသည်​။

"​တော်​​တော့​ရှောင်းကျန့်​...မင်းဆက်​​အော်​​နေရင်​ငါဘာလုပ်​မိမလဲမသိဘူး"

"လုပ်​ပါမားကြိုက်​တာလုပ်​ပါ..ရိ​ပေါ်နဲ့​တွေ့ခွင့်​​လေးပဲ​ပေးပါ"

အခန်း​ရှေ့က မားရဲ့အသံကိုမကြားရ​တော့ သူစိတ်​ပျက်​လက်​ပျက်​ ထိုင်​ချလိုက်​မိသည်​။ ငါမင်းကို အရမ်း​တွေ့ချင်​လိုက်​တာ ရိ​ပေါ်ရယ်။

"သား..အားကျန့်​"

"ပါး..ပါးလား"

"ဟုတ်​တယ်​သား"

Purple Lilac[Completed]Where stories live. Discover now