[ 1 ]

18.6K 919 12
                                    

[Zawgyi]

အချစ်​ဦးဆိုတာနဲ့အချစ်​ဆုံးမဖြစ်​နိုင်​သလို...အချစ်​ဦးဆိုတဲ့သတ်မှတ်ချက်​​​လေးနဲ့ပဲ​ကျေနပ်​တတ်​ရတာမျိုးလဲရှိတာ​ပေါ့...ဒါ​ပေမဲ့ဝမ်​ရိ​ပေါ်က​တော့​ရှောင်းကျန့်​ရဲ့ရင်နင့်​​​အောင်​ချစ်​ရပါ​သောအချစ်​ဦး...နာကျင်​ရမှန်းသိတာ​တောင်​မြတ်​နိုးစွာဆုပ်​ကိုင်​ထားချင်​မိတဲ့ဆူး​လေးတစ်​​ချောင်း

♡ ♡ ♡

ကြီးမားလှ​သော ​ကျောင်းကြီး​ရှေ့တွင်​​​ ရှောင်းကျ​န့် အ​ထဲမဝင်​​သေးပဲ ခဏရပ်​​နေမိသည်​။ ကျောင်းသားသစ်​ဖြစ်​သည်​မို့ ရှိန်​​နေရသည့်​အထဲ​ ကျောင်းကြီး၏ထည်​ဝါမှုက သူ့ကိုြေ​ကာက်​ရွံ့​စေရန်​​ ကောင်းစွာ လုံ​လောက်​​ပေသည်​။

ပတ်​ဝန်းကျင်​ကို အကဲခတ်​ကြည့်​မိ​တော့ သူ့နှင့်ရွယ်​တူ​ကျောင်းသား​များကို သိပ်​မ​တွေ့ရပဲ​​ ကျောင်းသားကြီးများသာ အုပ်စုလိုက်​​​တွေ့ရသည်​။ အိမ်​မှာဆို စကားများလွန်း​သော ၁၂နှစ်​သားေ​ကာင်​လေး​ရှောင်းကျန့်​က အခုမှအ​ကြောက်​ကြီး​နေ​လေရဲ့။

ကျောင်းစတက်​တဲ့​နေ့မလို့လားမသိ​ ကျောင်းသားတိုင်းက ပြုံး​ပျော်​​နေကြသည်​ဟု​ ရှောင်းကျန့်​ထင်​သည်​။
သူက​တော့ ​ကျောင်းသားသစ်​ဖြစ်​၍ သူငယ်​ချင်းမရ​သေးလို့ မ​ပျော်​နိုင်​​ပေ။

"သားကျန့်​လာ​လေ..ဘာရပ်​လုပ်​​နေတာလဲ"

အ​တွေးများ​နေ​သော ​ရှောင်းကျန့်​သည်​ မား၏​ခေါ်သံကြားမှ သတိပြန်​ကပ်​သည်​။

"လာပြီမား"

မား၏လက်​ကို တင်းတင်းဆွဲကာ ​ကျောင်းထဲဝင်​လာသည်​။ လမ်းတစ်​​လျှောက်​လုံး မျက်​စိကစားဖို့​တော့ သူမ​မေ့​ပေ။

ကျောင်းကိစ္စအကုန်​ပြီး​တော့ မားကပြန်​ရန်​ပြင်​သည်။ တခြားက​လေး​တွေလို ငိုယိုဖို့သူ့မှာအ​တွေးမရှိ။ ​ရှောင်းကျန့်​က ဘယ်​သူမို့လို့လဲ၊ အသက်​နဲ့မလိုက်​​အောင်​ရင့်​ကျက်​တဲ့သူ​ပဲဟာ။

"သားကျန့်​...မားပြန်​​တော့မယ်​ဆရာမနဲ့အခန်းထဲလိုက်​သွား​တော့​နော်​...အပြန်​ကျရင်​မားလာကြိုမယ်​ဟုတ်​ပြီလား"

Purple Lilac[Completed]Where stories live. Discover now