[ 30 ]

5.7K 451 21
                                    

[Zawgyi]

မထင်​မှတ်​ပဲ အချစ်​ဦးကို ပြန်​​တွေ့လိုက်​ရတဲ့အချိန်​ဆို ဘာ​ပြောလို့​ပြောရမှန်းမသိတာတို့၊ ရှက်​ရွံ့တာတို့ ဖြစ်​တတ်​ကြ​ပေမဲ့ သူတို့နှစ်​ဦးက​တော့ ​အေး​အေး​ဆေး​ဆေးပင်​ ​ကော်​ဖီထိုင်​​သောက်​နိုင်​သည်​။

အခုသူတို့အ​ခြေအ​နေက ဘယ်​လို​ပြောရမလဲဆို​တော့ ရည်းစား​ဟောင်းလို့ ဆိုရ​အောင်​ကလည်း လမ်းခွဲစကားကို ဘယ်​သူကမှ စမ​ပြောခဲ့ကြ။ အဲ့လိုဆိုလို့ တွဲ​နေ​သေးလားဆို​တော့လည်း ကွဲကွာသွားခဲ့တာ ​ခြောက်​နှစ်​​ကျော်​။ ဒီကြားထဲမှာ ​နောက်​ထပ်​ရည်းစား​တွေ ရခဲ့​သေးလားလို့လည်း ဘယ်​သူကမှ ထုတ်​မ​မေးပဲ ခပ်တည်​တည်​ပဲ ​​နေ​နေကြသည်​။

တိတ်​ဆိတ်​​နေ​သော အ​ခြေအ​နေကို ဖြိုခွင်းလိုက်​တာက ရိ​ပေါ်ပင်​။

"ဒီကြားထဲ အဆင်​​ပြေခဲ့ရဲ့လား​ရှောင်းကျန့်​"

ဒါပါပဲ ဟိုမကျဒီမကျ အ​ခြေအ​နေကြီးမှာ ​မေးလို့ရတဲ့ ​မေးခွန်းက ဒီတစ်​ခုတည်း​လေ။ ​ရှောင်းကျန့်​က​တော့ ​သောက်​လက်​စ ​ကော်​ဖီခွက်​ကို အသာချကာ ရိ​ပေါ်ကို ပြုံးပြလိုက်​သည်​။

"ငါက​တော့​ပြေ​အောင်​​နေခဲ့ပါတယ်​..မင်းအဆင်​​ပြေမှန်း​ကတော့ငါသိတာမို့မ​မေး​တော့ဘူး"

ရိ​ပေါ်က​တော့ ​ရှောင်းကျန့်​၏စကားကို နားမလည်​နိုင်​။ ဘာလို့ သူအဆင်​​ပြေ​နေခဲ့တယ်​လို့ ​ရှောင်းကျန့်​က ထင်​ရတာလဲ။ ဒီနှစ်​​တွေထဲမှာ သူအဆင်​မ​ပြေခဲ့တာ​တွေ သူအသိဆုံးပဲ။ အိမ်​နဲ့ခဏခဏ ရန်​ဖြစ်​ရလွန်းလို့ အိမ်​​ပေါ်ကဆင်းလာတဲ့အပြင်​ အ​မွေပါဖြတ်​ခံလိုက်​ရတဲ့အထိပဲ။ အ​မွေဖြတ်​ခံရတဲ့ကိစ္စကို​တော့ သူသိပ်​ပြီး ဂရုမစိုက်​ဘူး၊ သူ့ရဲ့ ​ခြေလက်​​တွေက အ​ကောင်းကြီးမို့ ဒီအ​မွေ​တွေမရလည်း ကိုယ့််​ဝမ်းကိုယ်​ရှာစားနိုင်​သည်​။

အမှန်​အတိုင်း​ပြောရရင်​ သူပင်​ပန်းခဲ့တာ​ပေါ့၊ ဒါ​ပေမဲ့ ​ရှောင်းကျန့်​နဲ့ ပြန်​​တွေ့ခဲ့ရင်​ဆိုတဲ့ စိတ်​​လေးနဲ့ အရာရာကို တင်းခံခဲ့တယ်​။ ​နေ့​နေ့ညည ​တောင့်​တ​နေမိတာ ​ရှောင်းကျန့်​မို့ အခြားဘယ်​သူ့ကိုမှ သူလက်​မခံနိုင်​ခဲ့သည်​အထိ သူအသည်းမာခဲ့သည်​။

Purple Lilac[Completed]Where stories live. Discover now