[Zawgyi]
ရက်ကိုလစား၊ လကိုနှစ်စားရင်းနှင့်ပင် အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးလာသည်။ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာရင်း ရှောင်းကျန့်ပင် အထက်တန်းဒုတိယနှစ်ကျောင်းသား တစ်ဦး ဖြစ်နေပြီ။ အသက်(၁၇)နှစ်အရွယ် ရှောင်းကျန့်မှာ တစ်နေ့တခြားပိုပိုတိုးလာတာဆိုလို့ ဝမ်ရိပေါ်ကိုချစ်သည့် အချစ်တွေသာ ရှိသည်။
ဝမ်ရိပေါ်နှင့်ပတ်သက်သည့် ခံစားချက်များကို ယွီပင်းနှင့်ကျိုးချန်ကို ပြောပြတိုင်း သကောင့်သားနှစ်ယောက်က "ဆယ်ကျော်သက်မို့အချစ်ရူးရူးနေတာ"ဟု ပြန်ပြောလေ့ရှိသည်။ ဒါပေမဲ့ ၁၃နှစ်သားမှာ စချစ်ခဲ့မိတဲ့ ဝမ်ရိပေါ်ကို အခုထိအများကြီး ချစ်နေတုန်းပင်။ ဆယ်ကျော်သက်မို့ စိတ်ကစားရအောင်က ၁၅၀၀ချစ်ခြင်းမေတ္တာတွေနှင့် ပတ်သက်လာလျှင် ရှောင်းကျန့်မှာ ဝမ်ရိပေါ်အပြင်မရှိခဲ့။
"Happinessဆိုတဲ့စကားကိုကြားတိုင်း မြင်ယောင်မိတာ ဝမ်ရိပေါ်ရဲ့ ရှုမငြီးတဲ့ မျက်နှာလေး"
ရှောင်းကျန့်ခံယူသည့် ချစ်ခြင်းတရားက ရိုးရှင်းပါသည်။ ဒီလူကို ချစ်မိလျှင် ပိုင်ဆိုင်ရမှဆိုသည့် အတ္တမျိုးမပါပဲ ချစ်ရသူပျော်လျှင်ပြီးရောဆိုသည့် အဖြူ ထည်သက်သက် ချစ်ခြင်းမျိုး။ "ချစ်တယ်"ဆိုသော စကားကို ရှောင်းကျန့်ကတော့ ဘယ်သောအခါမှ ဖွင့်ပြောမည်မဟုတ်ပါ။ ဘာလို့လဲမေးလာခဲ့လျှင်တော့ သူဟာလည်း မာနရှိသော လူသားတစ်ယောက်ပဲမို့။
ဝမ်ရိပေါ်ကို ချစ်မိတဲ့ အချိန်လေးနှစ်အတောအတွင်းမှာ ရှောင်းကျန့်သိလာတာက သူဟာ နွေးထွေးမှုကို လိုအပ်နေတဲ့ လူငယ်လေးတစ်ဦးဆိုတာပဲ။ အထူးသဖြင့် မိဘဆီက လိုအပ်နေသည့် နွေးထွေးမှုပေါ့။
"ကျန့်ကျန့်ရေ..ထမင်းဘူးအဆင်သင့်ဖြစ်ပြီ"
ရေးလက်စ ဒိုင်ယာရီကို လက်စသတ်လိုက်ပြီး ကျောင်းသွားဖို့ ပြင်လိုက်သည်။