[ 31 ]

5.7K 502 28
                                    

[Zawgyi]

ပေကျင်းမှာ​နေရတဲ့ ရက်​သတ္တပတ်​​တွေက ​ရှောင်းကျန့်​အတွက်​ ပင်​ပန်းပါသည်​။ ဝမ်​ရိ​ပေါ်နဲ့ မဆုံမိ​အောင်​ ​နေ​ပေမဲ့ Shopping Mall​တွေက ဝမ်​ရိ​ပေါ်ရဲ့ LED board​တွေ၊ ​နေရာအနှံ့​တွေ့​​နေရတဲ့ ဝမ်​ရိ​ပေါ်ရဲ့ Advertising Poster​တွေ မြင်​​နေရ​တော့ ရင်​ထဲက အလွမ်းဓာတ်​ခံ​လေးက ထလာရပြန်​​ရော။

ဘယ်​​တော့များမှ ဝမ်​ရိ​ပေါ်ဆီက လွတ်​​မြောက်​နိုင်​မှာလဲပဲ။ ဆယ်​နှစ်​တာ​လောက်​ အချစ်​မှာ ကျရှုံးပြီးပြီ​လေ၊ ဒီ​လောက်​ဆို လုံ​လောက်​ပြီမဟုတ်​လား။

အခုလည်း အလုပ်​ကိစ္စ​ပြောဖို့လာတာကို ဝမ်​ရိ​ပေါ်အ​ကြောင်း ထိုင်​​တွေးမိ​နေပြန်​ပြီ။

"ဒါဆို အလုပ်​ကိစ္စအဆင်​​ပြေပြီလို့ သတ်​မှတ်​လိုက်​ပြီ​နော်​ Mr.​ရှောင်း"

"ဟုတ်​ကဲ့ ကျွန်​​တော်​တို့Companyနဲ့အခုလို ပူး​ပေါင်း​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​"

"​နောက်​လည်း Mr.​ရှောင်းလို အရည်​အချင်းရှိတဲ့ လူငယ်​နဲ့ အလုပ်​တွဲလုပ်​ချင်​ပါ​သေးတယ်​"

အသက်​၂၃နှစ်​နဲ့ လုပ်​ငန်းခွင်​မှာ နာမည်​တစ်​လုံးနဲ့ ​နေနိုင်​တဲ့သူ့ကို အ​တော်​များများက သ​ဘောကျကြသည်​။ ဘွဲ့ရပြီးပြီးချင်း အလုပ်​ထဲ ​ခြေစုံပစ်​ဝင်​ခဲ့တာ​ကြောင့်​ လုပ်​သက်​နု​ပေမဲ့ အရည်​အချင်းက​တော့ မ​သေးသည့်​သူ့ကို လိုချင်​သည့်​ လုပ်​ငန်းရှင်​​တွေအများအပြားထဲကမှ ပါးရဲ့မိတ်​​ဆွေပိုင်​တဲ့ Companyကိုပဲ သူ​ရွေးချယ်​ခဲ့သည်​။ အခု​တော့လည်း အဲ့ဒီအလုပ်​မှာ​တောင်​ ​နေသားကျ​နေပါပြီ။

"​ကျေးဇူးတင်​ပါတယ်​ဗျ"

တစ်​ဖက်​က အလုပ်​ရှင်​ပြန်​သွားမှ ​ရေတစ်​ခွက်​ ​ကောက်​​သောက်​လိုက်ပြီး သူလည်း ထပြန်​ရန်​ ပြင်​လိုက်​သည်​။ ဒါ​ပေမဲ့ ရုတ်​တရက်​ သူ့​ရှေ့ ဝုန်းခနဲ ထိုင်​ချလာတဲ့ လူတစ်​​ယောက်​​ကြောင့်​ လန့်​သွားမိသည်​။

မျက်​စိ​ရှေ့မှာ ထိုင်​​နေတာက ​ဒေါသအနည်းငယ်​ ထွက်​​နေပုံရသည့်​ ဝမ်​ရိ​ပေါ်။

Purple Lilac[Completed]Where stories live. Discover now