[ 26 ]

5.7K 487 62
                                    

[Zawgyi]

ကိုယ်​​လေးနှစ်​​လောက်​ ကြိတ်​ချစ်​ခဲ့ရတဲ့ ချစ်​ရသူ၊ လက်​လွှတ်​လိုက်​ဖို့ ​တွေးခဲ့ပြီးမှ ကိုယ့်​ကို ချစ်​တယ်​ဖွင့်​​ပြောလာခဲ့သူ၊ ရုတ်​တရက်​ကြုံလိုက်​ရတဲ့ အဖြစ်​အပျက်​​ကြောင့်​ ​တော်​​တော်​​တော့​ရှော့ခ်​ရသွားမိသည်​။

အခုက ဘာ​တွေက ဘယ်​လို​တွေ ဖြစ်​ကုန်​မှန်း​တောင်​ လိုက်​မမှီ​တော့ဘူး။ ရိ​ပေါ်က ဝမ်​ရိ​ပေါ်က သူ့ကို ချစ်​တယ်​တဲ့။ ဒါတကယ့်​ကို တုန်​လှုပ်​​စေနိုင်​​လောက်​တဲ့ စကားကြီးဟ။

"မင်း..မင်းကငါ့ကို..ငါ့ကိုဘာဖြစ်​တယ်​"

"ချစ်​တယ်​..ငါမင်းကိုချစ်​တယ်​​ရှောင်းကျန့်​"

ဘုရား​ရေ ​သေလိုက်​ပါ​တော့ ရင်​​တွေ တအားခုန်​​နေပြီ။ ခပ်​တည်​တည်​​ပြော​နေတဲ့ ရိ​ပေါ်ရဲ့ မျက်​နှာမှာလည်း ​စ​နေတဲ့ အရိပ်​အ​ယောင်​က တစိုးတစီမျှမရှိ။

"လာ​နောက်​မ​နေနဲ့ရိ​ပေါ်..ငါမင်းကိုမထိုးရဲဘူးမထင်​နဲ့​ဟေ့​ကောင်​"

"ကျစ်​..ငါ့ရုပ်​က​နောက်​​နေတဲ့ရုပ်​လား"

အခုထိ ​ကြောင်​​တောင်​​တောင်​နှင့်​ ရပ်​​နေ​သေး​သော သူ့အနားကို ရိ​ပေါ်က တစ်​လှမ်းချင်း တိုး​လျှောက်​လာသည်​။ ဘာလဲ ဘာလုပ်​မလို့လဲ မရဘူး​နော်​။

ဦး​နှောက်​ကို အ​ပြေးအလွှား အသုံးချမိ​တော့ ကြည့်​ဖူးတဲ့ ဂျက်​ကီချန်းကားကို ​ပြေးမြင်​မိသည်​။ ဘယ်​​လောက်​ပဲ ငါ့ကိုချစ်​တယ်​​ပြော​ပြော မင်းအလိုကို​တော့ လုံးဝမလိုက်​နိုင်​ဘူး။

ခြေ​ထောက်​နှစ်​​ချောင်းကို ခွဲရပ်​ကာ အသင့်​ပြင်​ထား​သော သူ့အနားကို ရိ​ပေါ်က ကပ်​လာကာ ပုခုံးကို လာကိုင်​သည်​မို့ မျက်​စိစုံမှိတ်​ပြီး targetတည့်​တည့်​ကန်​ချလိုက်​သည်​။

ကိုယ့်​စကားကို မယုံသလို ​ကြောင်​ကြည့်​​နေ​သော ​ကောင်​​လေးကို ​သေချာရှင်းပြရန်​ အနားကို တိုးကပ်​သွားကာ ပုခုံးကို ကိုင်​လိုက်​သည်​။

"မင်းကိုတကယ်​ချစ်​တာ..အု"

အဓိက​နေရာကို ကန်​ချလာ​သော ​ရှောင်းကျန့်​​ကြောင့်​ မျက်​ဖြူ ပင်​ဆိုက်​မတတ်​ ဖြစ်​သွားရသည်​။ ရူး​နေလား ​ရှောင်​​ရှောင်းကျန့်​ရ...။

Purple Lilac[Completed]Where stories live. Discover now