Valentine Day Special~

4.8K 364 37
                                    

[Zawgyi]

လက်​ထပ်​ပြီး ဆယ်​နှစ်​အကြာ၊

"ဝမ်​ရိ​ပေါ်မြန်​မြန်​...ဒီမှာ​နောက်​ကျ​နေပြီကွ"

"လာပါပြီကျန့်​ရာ"

အင်္ကျီကြယ်​သီးများ အကုန်​မတပ်​ရ​သေးသည့်​ ရိ​ပေါ်က ​လှေကားမှ ဝရုန်းသုန်းကားနှင့်​ ​ပြေးဆင်းလာသည်​။

ရှောင်းကျန့်​က​တော့ ​လေတဟူးဟူးမှုတ်​ကာ ထွက်​လာသည့်​ ​ဒေါသများကို ပြန်​မျို ချ​နေရသည်​။

မနက်​ဆယ်​နာရီသွားစရာ ရှိတယ်​လို့ ​ပြောထားရက်​နဲ့ ကိုးနာရီခွဲမှ အိပ်​ရာထတဲ့ ဒီဝမ်​ရိ​ပေါ်ကို သူဘာလုပ်​ရင်​​ကောင်းမလဲ?

အခုလဲကြည့်​! ဖရိုဖရဲနဲ့မြင်​လို့ကို မ​ကောင်းဘူး!

ဒေါသထွက်​​နေ​ပေမဲ့လည်း လျှံတက်​လာတဲ့ ​ဒေါသစိတ်​​လေး​တွေကို ခဏထိန်းကာ တပ်​လို့မပြီး​သေးသည့်​ ကြယ်​သီးများကို ကူတပ်​​ပေး​နေရသည်​။

"ဝမ်​ရိ​ပေါ် ဝမ်​ရိ​ပေါ်...အသက်​လည်း၃၃နှစ်​ရှိ​နေပြီ အခုထိလုပ်​​နေတာ​တွေက အချိုးမ​ပြေ​သေးဘူး"

"​နောက်​မဖြစ်​​စေရဘူးကွာ..ဟုတ်​ပြီလား"

"အဲ့စကား​ပြော​နေတာ လွန်​ခဲ့တဲ့ဆယ်​နှစ်​ကတည်းပဲ"

"​ကျန့်​ရာ..တဗျစ်​​တောက်​​တောက်​နဲ့ အဖွားကြီးကျ​နေ​ရော"

"ဘာ!!!"

တပ်​​ပေး​လက်စ လည်ပင်းက ​​​အင်္ကျီကြယ်​သီးကို တင်းလိုက်​တော့ အသက်​ရှူ ကြပ်​သွားသည့်​ ရိ​ပေါ်က ​ချောင်းတဟွတ်​ဟွတ်​ဆိုးလာသည်​။

"အဟွတ်​..ကျန့်​မင်းငါ့ကိုလုပ်​ကြံ​နေတာမလား"

"ဟုတ်​တယ်​"

"ဟမ့်​..ထင်​သားပဲ ငါကအို​နေပြီဆို​တော့ မင်းကအငယ်​​လေး​တွေရှာချင်​ပြီ​ပေါ့ဟုတ်​လား..မရဘူး​နော်​ ငါ​သေရင်​​တောင်​ ငါကမင်း​နောက်​ပတ်​လိုက်​​နေမှာ"

"အရူးစကား​တွေက​နောက်​မှ​ပြော...အခုသွားဖို့ပြင်​"

"အင်းပါ..အင်းပါ"

မချို မချဉ်​ရုပ်​နဲ့ ဝမ်​ရိ​ပေါ်က ကားသွားထုတ်​လာပြီး ​ရှောင်းကျန့်​​ရှေ့ ရပ်​​ပေးလာတာမို့ သူလည်း ကားတံခါးဖွင့်​ကာ အမြန်​တက်​ထိုင်​လိုက်​သည်​။

Purple Lilac[Completed]Where stories live. Discover now