[ 33 ]

6.3K 483 22
                                    

[Zawgyi]

ဒီ​နေ့က ​ရှောင်းကျန့်​တစ်​​ယောက်​ ချူံ ချင်းပြန်​ရမည့်​​နေ့၊ အင်း တစ်​​ယောက်​တည်း​တော့ မဟုတ်​ဘူး ​ဘေးမှာ ဝမ်​ရိ​ပေါ်လည်းပါလာသည်​။ အရင်​လို ထပ်​ပြီး မ​ဝေးချင်​​တော့တာမို့ အရာရာကို ရင်​ဆိုင်​ဖို့ သူတို့ဆုံးဖြတ်​ခဲ့သည်​။ 

"​ရှောင်းကျန့်​မ​ကြောက်​နဲ့​နော်​ ငါရှိတယ်​"

အော်​ သူကပဲ ​ပြောရတယ်​ရှိ​သေး။ အခု​ကြောက်​​နေရမှာက သူမဟုတ်​ဘူးလား။ အခန့်​မသင့်​လို့ မားက ပိုးစိုးပက်​စက်​​ပြောရင်​​တောင်​ သူကခံရမှာကို သူများကို ပြန်​ပြီး​အား​ပေး​နေ​သေးတဲ့ ဝမ်​ရိ​ပေါ်က ရူး​နေတာလား။

"​ကြောက်​စရာလား...​ကြောက်​​နေရမှာကမင်း"

"ငါလား..ငါက​မ​ကြောက်​ပါဘူးငါ့ဘဝမှာအ​ကြောက်​ဆုံးက မင်းနဲ့​ဝေးရမှာပဲ​ရှောင်းကျန့်​..ကျန်​တာငါဘာမှမ​ကြောက်​ဘူး"

"မင်းပဲအ​ပြော​ကောင်း"

"အဲ့လိုအ​ပြော​ကောင်းတဲ့ကိုယ့်​ကို ​ရှောင်​​ရှောင်းကျန့်က​လေးက မချစ်​ဘူးလား​ပြော"

"​ဘောကို​ရှောင်​​ရှောင်းကျန့်​က​လေးလား...ဝမ်​ရိ​ပေါ်မင်းလာခဲ့"

ကား​ပေါ်မှာ ​ဘေးချင်းကပ်​ထိုင်​ပြီး စကားများ​နေ​သော သူတို့ကို အကုန်​လုံးက ဘုကြည့်​ကြည့်​​နေတာလည်း သူတို့မသိကြ​သေး။

"ဟို..ဒီကအစ်​ကိုတို့"

နောက်​ခုံဘက်​က စကားလှမ်း​ပြောသံကြားလို့ ကြည့်​မိ​တော့ မချို မချဉ်​မျက်​နှာနှင့်​ ​ကောင်​​လေးတစ်​​ယောက်​။

"ဗျာ"

"အစ်​ကိုတို့တိတ်​တိတ်​​လေး​နေ​ပေးလို့ရမလားဗျ...ကျွန်​​တော်​ဘယ်​လိုမှအိပ်​လို့မရ​တော့လို့ပါ"

"အာ..ဟုတ်​ကဲ့ဟုတ်​ကဲ့"

နောက်​က​ကောင်​​လေး သူ့​နေရာသူပြန်​ထိုင်​သွားမှ အချင်းချင်းကြိတ်​ပြီး ရန်​ဖြစ်​ရသည်​။

"အဲ့တာမင်းဟီလာထ​နေလို့အ​ပြောခံရတာဝမ်​ရိ​ပေါ်..ငါရှက်​လိုက်​တာ"

Purple Lilac[Completed]Where stories live. Discover now