[ 5 ]

7.2K 594 45
                                    

[Zawgyi]

တတိယကို​ ကြေညာပြီး ပထမနှင့်​ ဒုတိယကို မ​ကြေညာ​သေးပဲ ဆရာမက အချိန်​ဆွဲ​နေသည်​။

"ဆရာမကလဲရစ်​လိုက်​တာ"

အကျယ်​ကြီး​တော့ မ​ပြောရဲ​၊ တော်​ကြာ​ဘေးက အတို့အ​ထောင်​​တွေကြားပြီး သွားတိုင်​ရင်​​ ရှောင်းကျန့်​တို့ငါးပါး​မှောက်​​နေမှာ။

"ဒုတိယက...မင်​ယွဲ့ပါလက်​ခုပ်​တီး​ပေးလိုက်​ကြပါဦးသူငယ်​ချင်းအတွက်​"

လက်​ခုပ်​ကို အားရပါးရတီး​ပေးလိုက်​ပြန်​သည်​။ ​သေချာပြီ​ရှောင်းကျန့်​က ပထမပဲ။

"ကဲဒါဆိုဆရာမကပထမကို​ကြေညာ​ပေးမယ်​​နော်​"

ရင်​​တွေခုန်​ပြီး လက်​ဖျား​တွေ​တောင်​​ ချွေးစီးပြန်​​နေပြ၊ီဒါကိုဆရာမက ရစ်​လို့​ကောင်းတုန်း။

"ပထမက...ဝမ်​ရိ​ပေါ်"

"ဟင်​"

ရှောင်းကျန့်​ပါးစပ်​မှ အာ​မေဍိတ်​​လေး ထွက်​သွားမိသည်​။ မဖြစ်​နိုင်​တာ သူကဘာလို့မရတာလဲ၊ ဘာလို့လဲ။ သူက အရင်​​ကျောင်း​တွေမှာဆို ဘာပြိုင်​ပြိုင်​ ဆုရနေကြ​လေ။

"မပြီး​သေးဘူးပထမကဝမ်​ရိ​ပေါ်နဲ့​ရှောင်းကျန့်​ကပူးတွဲရသွားပါတယ်​ကွယ်​"

"​ဟေ့​ကောင်​​ရှောင်းကျန့်​မင်းကပထမတဲ့ငါတို့ကိုမုန့်​လိုက်​​ကျွေး​တော့"

ဘေးမှယွီပင်းက တတွတ်​တွတ်​နှင့်​လာ​ပြော​နေတာ​တောင်​ နားထဲဝင်​တစ်​ချက်​မဝင်​တစ်​ချက်​ပဲ။ သူ့မျက်​လုံးတို့က ဝမ်​ရိ​ပေါ်ဆီ၌သာ တဝဲလည်​လည်​။

"ပထမရတာ​တောင်​သူက​အေး​ဆေးပဲဘာမှမဖြစ်​တဲ့ပုံနဲ့တည်​ငြိမ်​လိုက်​တာ"

တကယ်​လည်း ​ သူအံ့ဩမိသည်​။ သူဖြင့်​လက်​ဖျား​တွေတုန်၊ေ​ခြဖျား​တွေ​အေးနဲ့၊  အလုပ်​​တွေရှုပ်​​နေတာကို ဝမ်​ရိ​ပေါ်က​တော့မတုန်​မလှုပ်​။

"ပထမကိုပူးတွဲ​ပေးလိုက်​ရတာက​ရှောင်းကျန့်​နဲ့ရိ​ပေါ်ရဲ့သင်​​ထောက်​ကူ​တွေကတိကျတဲ့အပြင်​အရမ်းလဲသပ်​ရပ်​တယ်​တကယ်​ကိုဆရာမတို့မ​ရွေးနိုင်​တာမို့နှစ်​​ယောက်​လုံးကို​ပေးလိုက်​တာပါ"

Purple Lilac[Completed]Where stories live. Discover now