[ 3 ]

8.8K 665 17
                                    

[Zawgyi]

"အချစ်​ဆို​တဲ့​ခေါင်းစဉ်​​အောက်​ကိုပထမဆုံးသွင်းခဲ့မိတဲ့သူဖြစ်​တဲ့ဝမ်​ရိ​ပေါ်ကိုချစ်​တယ်​...ဘယ်​​လောက်​ချစ်​လဲ​မေးရင်​အချစ်​ဆိုတဲ့စကားလုံးမြင်​တိုင်းဝမ်​ရိ​ပေါ်ရဲ့မျက်​နှာ​လေးကိုမြင်​​ယောင်​မိတဲ့အထိကိုကျွန်ေ​တ်ာသူ့ကိုသိပ်​ချစ်​ပါတယ်​"

♡ ♡ ♡

ကျောင်းဆင်းတာ နာရီဝက်​ပင်​​ ကျော်​​နေပြီဖြစ်​​သော်​လည်း အခုထိ အိမ်ကလာကြိုသည့်​​ အရိပ်​အ​ယောင်​​တောင်​မမြင်​ရ​သေး။

စောင့်​ရင်း​စောင့်​ရင်းနဲ့ပျင်းလာသည်​မို့​မြေကြီး​ပေါ်​ဆောင့်​​ကြောင့်​ထိုင်​ကာတုတ်​တစ်​​ချောင်းနဲ့ဟိုခြစ်​ဒီခြစ်​လုပ်​​နေမိသည်

"မား"

သူ့နားထဲကြားလိုက်​ရသည့်​ အသံ​လေးတစ်​ခု။ အသံလာရာ​ မော့ကြည့်​မိ​တော့​ ကျောင်းထဲက​နေ ​ပြေးလာသည့်​​ကောင်​​လေးတစ်​​ယောက်​။

သူဒီ​ကောင်​​လေးကိုမြင်​ဖူး​နေ​ပေမဲ့ဘယ်​မှာမြင်​ဖူးလဲရုတ်​တရက်​စဉ်းစားမရ...​သေချာစဉ်းစားမှအ​တွေးထဲပြန်​​ပေါ်လာသည်

"​​ဩော်​သူပဲ"

ကျောင်းကန်​တင်းမှာ တစ်​​ယောက်​တည်း ထမင်းစား​နေတုန်း သူ့ကိုလာကြည့်​​နေသည့်​​ကောင်​​လေး၊ ခဏခဏလာကြည့်​​နေသည်​မို့ ခပ်​စူးစူးပြန်​ကြည့်​​ပေးတာ​တောင်​ အကြည့်​မလွှဲသွားသည့်​​ကောင်​​လေး။

ထို​ကောင်​​လေး​ပြေးသွားရာကို လှမ်းကြည့်​​တော့ အပြုံးချို ချို နဲ့အ​ဒေါ်ကြီးတစ်​​ယောက်​၊ ကြည့်​ရတာသူ့မားဖြစ်​မည်​။

အဲ့ဒီ​ကောင်​​လေးက သူ့အ​မေနဲ့ ဘာ​တွေ​ပြော​နေမှန်းမသိ​ပေမဲ့ သူတို့သားအမိကို ကြည့်​ရင်း သူပါလိုက်​ကြည်​နူးမိသည်​။

စကား​တွေ​ပြောပြီး​တော့​ ကောင်​​လေးအ​မေက လွယ်​အိတ်​ကို​ပြောင်းလွယ်​​ပေးပြီး သားအမိနှစ်​​ယောက်​လက်​ချင်းချိတ်​ပြီး ပြန်​သွားတာ​တွေ့သည်​။ သူတို့​ပုံရိပ်​​လေးကိုကြည့်​ရင်း သူ့မျက်​နှာမှာ အပြုံး​ရေး​ရေး​လေး​တောင်​ဖြစ်​​ပေါ်လာပါရဲ့။

Purple Lilac[Completed]Where stories live. Discover now