My Strange girl (cha-18)(Z+U)

1.7K 162 31
                                    


Zawgyi


Cafeteria က မနှစ်ထဲက ထိုင်နေကြ နေရာလေးမှာ jisoo အလာကို စောင့်ရင်း နေ့လယ်စာစားနေသည့် jennie. ..


ကြက်တောင်ပံကို ဂျုံနဲ့ ကြွပ်နေအောင် ကြော်ထားတော့ jisooမပြောနှင့်... jennie ကိုတောင် အနံ့က အတော်လေးစွဲဆောင်နေသည်


ကြက်ကြော်ကြိုက်တဲ့သူ့အတွက် စားဖိုဆောင်ကပေးတဲ့ ကြက်ကြော်အပိုင်းတစ်ခုက နေ့လယ်စာအတွက် တင်းတိမ်နိုင်မှာမဟုတ်မှန်း jennie သိတာကြောင့် jisoo စားစေရန် တောင်ပံပါသည့် ရင်ပုံ အခြမ်းကို တောင်းလာခဲ့လိုက်သည်


ကြက်ကြော်ဆိုရင် အရှေ့မှာ ထိုင်နေတဲ့လူကိုတောင် အားမနာနိုင်ဘဲ အားရပါးရစားတတ်သည့် jisoo ပုံရိပ်က jennie အတွေးထဲ ဝင်လာသည်နှင့် တစ်ပြိုင်နက် နှုတ်ခမ်းက အပေါ်သို့ အလိုလိုတွန့်ချိုးပြီးသား...


"ဘာတွေပြုံးနေတာလဲ babe "


Jisoo များဖြစ်နေမလားဆိုပြီး မော့ကြည့်လိုက်ပေမယ့် ကျောင်းအင်္ကျီကော်လံ မသေမသပ် နှင့် မျက်ခုံးထူထူ လူတစ်ယောက်ကြောင့် jennie စိတ်ပျက်စွာ သက်ပြင်းချမိသည်



"ငါ...arnyi. . ကိုယ်အခုလာတာက မင်းနဲ့ ညှိနှိုင်းစရာလေးရှိလို့ "


ခွင့်ပြုချက် မတောင်းဘဲ jennie ၏ မျက်နှာချင်းဆိုင် jisoo ထိုင်နေကြနေရာတွင် ပြောပြောဆိုဆိုနှင့် ဝင် ထိုင်လေသည်



". ............"



"ကျေအေးပေးမယ်
ကိုယ့်ခေါင်းကို ကြွေခွက်နဲ့ ထုပြီး လေးချက် ချုပ်ရအောင်လုပ်ခဲ့တာရော
အထက်တန်းဒုတိယနှစ်ကို နောက်တစ်နှစ်ထပ်တက်အောင်လုပ်ခဲ့တာရော

အားလုံး ကျေအေးပေးမယ် "



". ..............."



"တစ်ခုပဲ...."



". ..............."



"ကိုယ့်ရဲ့ ကောင်မလေးလုပ်ပေးရမယ် "



"Bor. ..!!! "


ခေါင်းလေးချက်ချုပ်ရတာတောင် မမှတ်သေးဘဲ နောက်တစ်ကြိမ် မျက်နှာပြောင်တိုက်နေတဲ့ jongin ကို jennie စက်ဆုပ်စွာ ကြည့်မိသည်



My strange girlWhere stories live. Discover now