My Strange girl (cha-6) (Z+U)

1K 129 0
                                    

My Strange girl (cha-6)

Zawgyi

"ဒီနေ့တော့ chae နဲ့ အတူတူကျောင်းသွားလိုက်... Appa လိုက်ပို့လိမ့်မယ် "

မနက်စာစားနေရင်း omma ရဲ့ စကားကြားတော့ Appa ရော chae ရော ခေါင်းငြိမ့်ကာ ထောက်ခံမိသည်

"စက်ဘီးနဲ့ပဲ သွားမှာ "

Jisoo unnie အဲ့လို ပြန်ပြောမယ်ဆိုတာ chae အလိုလို သိပြီးသား

"နေကောင်းတာ ဘယ်နှစ်ရက်မှ မရှိသေးတာ "

"ကားမစီးချင်ဘူး ...မွန်းကြပ်တယ် "

"ငါသွားဆိုသွား...လျှာမရှည်နဲ့ "

"ကျောင်းမတက်​တော့ဘူး "

အစားအသောက်မပျက် ငြင်းခုန်နေကြတဲ့ သားအမိကြောင့် chae သက်ပြင်းချမိသည်

နောက်ဆုံး မနေနိုင်တဲ့ chae ကပဲ

"Omma... unnie နဲ့ အတူတူ စက်ဘီးစီးပြီး သွားလိုက်မယ်"

"အင်း... kim jisoo !!! "

Omma က လေသံမာမာနဲ့ ခေါ်လိုက်တော့

"Nae "

"Chae လိုမျိုး omma စကားကို တစ်ခါလောက် နားထောင်ဖူးတယ်ရှိအောင် နားထောင်ပါလား "

"ဟုတ်ကဲ့ ကြိုးစားပါ့မယ် "

Omma ကို ပေကပ်ကပ်နဲ့ ပြန်ဖြေပြီး chae လက်ကို ဆွဲကာ ထမင်းစားဝိုင်းမှ ထွက်လာခဲ့သည်

"Unnie နင်းမယ် chae "

စကားတပြောပြောနဲ့ ရပ်ထားတဲ့ စက်ဘီးကို ဒေါက်ဖြုတ်ပြီး အရှေ့ကနေထိုင်ခုံကို ခွဖို့ ကြိုးစားနေတဲ့ unnie လက်မောင်း ဆွဲထားကာ

"ဘယ်ကို unnie နင်းမှာလဲ
နောက်ကထိုင် chae နင်းမယ် "

"မရဘူး စက်ဘီးမနင်းရတာ 4 ရက်လောက်ရှိပြီ "

"ရတယ်လေ... Omma ရေ !!!! Jisoo unnie က......... "

Omma ကို လှမ်းတိုင်ဖို့ပြင်နေတဲ့ chae ပါးစပ်ကို unnie က သူ့လက်နဲ့ အလျင်အမြန်ပိတ်လိုက်ပြီး

"စက်ဘီးသေချာနင်းနော် "

Handle ကိုင်ထားတဲ့ လက်ကို လွှတ်လိုက်ပြီး chae ကို အရှေ့ဖင်ထိုင်ခုံမှာ ထိုင်စေပြီး သူက တော့ အနောက်မှာ chae ရဲ့ ခါးကို ဖက်ပြီး ထိုင်လေသည်

My strange girlWhere stories live. Discover now