My Strange girl (ch-9) (Z+U)

1K 144 15
                                    

My Strange girl (cha-9)

Zawgyi



Chae ဒီမနက် နိုးလာတော့ ကိုယ်လက်သန့်စင် မျက်နှာသစ်ပြီး မနက်စာစားဖို့ unnie ကို နှိုးရန် တံခါးခေါက်လိုက်သည်

ဒီနေ့က ပိတ်ရက်ဆိုတော့ ကျိန်းသေပေါက် ကုတင်ပေါ်မှာ အိပ်မောကျနေဦးမှာ! !

Unnie က အအိပ်ကြီးတဲ့သူ မဟုတ်ပေမယ့် ညဘက်တွေဆို နောက်ကျမှာ အိပ်တတ်တာမို့ မနက်ဆို အစောကြီး မနိုးတတ်ပေ ...
ပိတ်ရက်တွေဆိုပိုဆိုးသည်

တံခါးခေါက်ပြီး ခေါ်နေပေမယ့် ပြန်မထူးတာကြောင့် တံခါးဖွင့်ပြီး ဝင်လာလိုက်သည်

ကုတင်ပေါ်မှာ သပ်သပ်ရပ်ခေါက်ထားတဲ့ စောင်တစ်ထည်က unnie အိပ်ရာက နိုးနေပြီဆိုတဲ့ သက်သေပင်

ရေချိုးခန်းထဲမှာများ ရှိမလားဆိုပြီး ဖွင့်ကြည့်ပေမယ့် အရိပ်အယောင်တောင်မတွေ့ရ...

Unnie ကို မတွေ့ရတော့ဘူးဆိုတဲ့ အသိက chae ကို ခေါင်းနပန်းကြီးသွားစေတယ်

အိပ်ရာက လွဲပြီး ခင်တွယ်ရာ မရှိတဲ့ unnie က အခန်းထဲမှာ ပျောက်ခြင်းမလှ ပျောက်နေတာကြောင့် chae စိတ်ပူသွားပြီး အောက်ထပ်ကို အမြန်ဆင်းကာ omma နဲ့ appa ကို တစာစာ အော်ခေါ်နေမိသည်

အောက်ရောက်တော့ ထမင်းစားခန်းမှာ အခန့်သားနေရာယူထားတဲ့ appa omma နဲ့ unnie ကို တွေ့လိုက်ရတာကြောင့် chae စိတ်အေးသွားရသည်

သက်ပြင်းချလိုက်တာနဲ့အတူ မျက်လုံးထဲဝင်လာတာက unnie ရဲ့ ပုံစံ....

အိမ်မှာဆို အားကစားဘောင်းဘီတွေပဲ ဝတ်လေ့ရှိတဲ့ unnie က jean pant အပြာ ကို style ကျကျ ဝတ်ထားပြီး အပေါ်ကလည်း t shirt အပွ မဟုတ်ဘဲ အဖြူရောင် t shirt နှင့်အတူ cardigan ခဲရောင်က နေရာယူထားလျက်...

ဒီနေ့မှ ထူးခြားနေတဲ့ unnie ကြောင့် chae ဇဝေဇဝါဖြစ်သွားပေမယ့် တစ်နေရာရာကနေ တစ်စုံတစ်ယောက်က unnie ရဲ့ အလှတွေကို မီးမောင်းထိုးပြနေသလိုမျိုး chae မင်သက်နေမိသည်

ဒီနေ့မှ ထူးခြားနေတဲ့ unnie ကြောင့် chae ဇဝေဇဝါဖြစ်သွားပေမယ့် တစ်နေရာရာကနေ တစ်စုံတစ်ယောက်က unnie ရဲ့ အလှတွေကို မီးမောင်းထိုးပြနေသလိုမျိုး chae မင်သက်နေမိသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
My strange girlWhere stories live. Discover now