Cha 1 (Zawgyi + Unicode)

4.2K 162 8
                                    

My stange girl (cha 1)

Zawgyi

"အာကာသထဲရောက်သွားရင် ဘာအနံ့ရမယ်လို့ နင်တို့ထင်လဲ "

"ငါတို့က အာကာသထဲမှမရောက်ဖူးတာ "

"အေးလေ...ရောက်မှမရောက်ဖူးတာ ဘယ်လိုလုပ်သိမှာလဲဟ "

ရှေ့နှစ်ခုံကျော်က စကားသံတွေက jennie နားထဲကို လက်မခံဘဲနဲ့ကို အလိုလိုဝင်လာနေသည်

စာသင်ချိန် ဆရာမရှိဘူးဆို အခန်းထဲက ကျောင်းသား ကျောင်းသူတော်တော်များများက ရူးကြောင်ကြောင်နိုင်တဲ့ ကျောင်းသူတစ်ယောက်နားမှာ စုဝေးနေတတ်တာ ကျောင်းစတက်ထဲက သတိထားမိနေခြင်းပင်

ဘာလို့ဆို အဲ့ကျောင်းသူက jennie ရဲ့ ရှေ့တည့်တည့် နှစ်ခုံကျော်မှာ ထိုင်တော့ မမြင်ချင်လည်းမြင်ရ မကြားချင်လည်း အကုန်ကြားနေရတော့တာပဲ

Jennie က အခြားလူတစ်ယောက်ကို အပြစ်မရှိဘဲနဲ့တော့ ကြံဖန်ပြီး အပြစ်ပြောတတ်တဲ့သူမဟုတ်ပါဘူး

ရူးကြောင်ကြောင်နိုင်တဲ့ ကျောင်းသူလို့ ပြောလိုက်တာကလည်း တော်တော်လေးကို ရူးကြောင်ကြောင်နိုင်လို့ပါ

Jennie ဘဝမွာ အရူးတစ်ယောက်ကို စပြီး စကားသွားပြောမိတဲ့နေ့

ပထမဆုံး ကျောင်းတက်တဲ့နေ့တုန်းကပေါ့
အခုမွ ကျောင်းစရောက်ဖူးတဲ့ကိုယ်က တက်ရမယ့် အခန်းကို ဘယ္ကေနဘယ္လို စရှာရမလဲမသိ

ကျောင်းအဝင်ဝနားမှာပဲ ရပ်နေရင်း ဘယ်သူ့ကို မေးရကောင်းမလဲ ဆိုပြီး ဝင်လာတဲ့ ကျောင်းသားကျောင်းသူ မျက်နှာတိုင်းကို အကဲခတ်ကြည့်မိတယ်

အကဲခတ်တယ်ဆိုတာကလည်း တစ်သက်နဲ့တစ်ကိုယ် ကိုယ့်ဘက်က စပြီး စကားပြောရမယ့် အလုပ္ကို သေမလောက်မုန်းတဲ့သူမို့ မေးလိုက်တဲ့သူက ကိုယ့်အပေါ်အကြောကြီးနဲ့ စကားပြောမှာ မလိုလားတာကြောင့်ရယ်... မကောင်းတဲ့ ကျောင်းသားတစ်ယောက်ယောက်နဲ့ အလကားနေရင်း ပတ်သက်မိမှာကြောင့်ရယ်သာ...

အင်း...အဲ့ဒီအချိန်

Jennie မျက်လုံးထဲဝင်လာတဲ့ ကောင်မလေးတစ်ယောက်

စက်ဘီးလေးစီးပြီး လေလေးတချွန်ချွန်နဲ့

စက်ဘီးရပ်တဲ့နေရာကလည်း jennie ရပ်နေတဲ့ နေရာနဲ့မလှမ်းမကမ်းမှာမို့ သူ စက်ဘီးရပ်ပြီး jennie နားက ဖြတ်အလာကို စောင့်နေလိုက်သည်

My strange girlWhere stories live. Discover now