Zawgyi
"ရှင်..... !! "
"အခုချိန်ထိ ကိုယ့်ကို sunbae လို့ မခေါ်တတ်သေးဘူးနော် "
"ကျွန်မက ဘာကိစ္စနဲ့ ရှင့်ကို sunbae လို့ ခေါ်ရမှာလဲ! ! "
"စီနီယာတစ်ယောက်ကို sunbae လို့ခေါ်ရတာ အထူးအဆန်းဖြစ်နေလို့လား "
"စီနီယာမပီသတဲ့လူကို သေတောင်မခေါ်နိုင်ဘူး "
"Manner မရှိတဲ့ အရိုင်းအစိုင်းက မင်းမှအစစ်! ! "
"တောင်းပန်လိုက် "
ဘေးနားကနေ တစ်ခွန်းမှ ဝင်မပြောဘဲ ငြိမ်နေသည့် jisoo ထံမှ တောင်းပန်လိုက် ဟူဟော စကားကြောင့် jennie ရော ထိုလူပါ jisoo ကို ကြည့်လာကြသည်
"မင်းနဲ့ဘာဆိုင်လို့ ဝင်ပြောရတာလဲ "
"အဲ့ဒါသိချင်ရအောင် ရှင်က ဘာဆိုင်နေလို့လဲ "
"ငါ့ဒေါသကိုလာဆွနေတာလား "
"ဒေါသထွက်တာကို ရှင်လို့ အရူးတွေပဲ လုပ်တာ "
"Ya!!! မင်း! ! "
Jisoo က သွေးအေးအေး မင်သေသေ မျက်နှာနဲ့ ပြန်ပြောနေပေမယ့် ထိုလူကတော့ ဒေါသကြောင့် မျက်နှာကြီးနီရဲလာလေသည်
"Hey!Excuse "
Jisoo တို့ အနားကနေ တောင်မွှေးတစ်ချောင်းနဲ့ တောင်အောက်ဆင်းလာသော အသက် 50 ကျော် ဦးလေးကြီး တစ်ဦးကို လှမ်းခေါ်လိုက်သည်
Jennie ရော ထိုလူပါ jisoo အပြုအမူကို နားမလည်နိုင်စွာနှင့် မျက်တောင်မခတ်တမ်းကြည့်နေမိသည်
Jisoo က သူ့ ph ထဲက တစ်ခုခုကို ထို ဦးလေးကြီးအား ပြနေလေသည်
Jennie သိချင်တာကြောင့် ခေါင်းစောင်းကြည့်လိုက်တော့ jennie ဓာတ်ပုံရိုက်နေတုန်း အနောက်ကနေ သက်သက်မဲ့ ဝင်တိုက်သွားတာတဲ့ video ကို ပြသနေခြင်းဖြစ်သည်
"အဲ့ဒါ ဘယ်သူ့ဘက်က တောင်းပန်သင့်တယ် ထင်လဲ arjushi "
"ကျိန်းသေပေါက် ဒီကောင်လေးပေါ့ "
ဦးလေးကြီးက ထိုလူကို ညွှန်ပြပြီး ပြောလေသည်
Jisoo smrik တစ်ချက် လုပ်လိုက်ပြီး...
YOU ARE READING
My strange girl
Fanfictionငါနင့်လို ရူးကြောင်ကြောင် လူတစ်ယောက်မဖြစ်ချင်ဘူး နင်က ရူးကြောင်ကြောင်လူတစ်ယောက်ဖြစ်ဖို့ အလားအလာမရှိဘူး... ဒါပေမယ့် နင့်စိတ်ထဲကမှာ ငါ ရှိနေတယ် Blackpink fic Jisoo x Jennie Jensoo 💖