Zawgyi
"Jisoo နင် စာလုပ်သင့်ပြီလို့ ငါထင်တယ်နော် "
စာကြည့်တိုက်ထဲ လာထိုင်နေပြီး စာမကြည့်ဘဲ jennie ကို တစ်ချိန်လုံး မေးထောက်ပြီး ကြည့်နေတဲ့ jisoo ကို စာလုပ်ဖို့ပြောတာတောင် ဒင်းက အကြည့်မပျက်...
"Ya!!! Kim jisoo! ! "
စာကြည့်တိုက်ထဲ ကျယ်ကျယ် ပြောလို့မရတာကြောင့် အသံက ထွက်သွားတယ်ဆိုရုံမျှသာ...
ကျယ်ကျယ်အော်လိုက်ရင်တောင် kim jisoo တစ်ယောက် မဖြုံတာ ဒီလောက်ကတော့ ဘယ်လိုမှမနေမှန်း jennie သိသည်
"Ya!!! "
အသံနည်းနည်းမြှင့်ပြီး အော်လိုက်မှ jisoo က ဘာဖြစ်တာလဲ ဆိုတဲ့ ပုံစံနဲ့ jennie ကို ကြည့်လာသည်
"Wae ~~ mandu ya "
"နင် စာမလုပ်တော့ဘူးလား "
"လုပ်ပြီးသွားပြီ "
"ဟမ်...."
"အခုလိုမျိုး mandu ကို ထိုင်ကြည့်ချင်လို့ ဒီမနက် အတန်းအားထဲက စာလုပ်ပြီးသား "
Ah....!!
အဲ့ဒါကြောင့် ဒီမနက် အတန်းအားတုန်းက ဒင်းကငြိမ်နေတာကိုး...
ဒင်းငြိမ်နေလို့ နေမကောင်းဖြစ်နေတာလားလို့တောင် jennie စိတ်ပူမိသွားသေးတယ်
လက်စသပ်တော့ kim jisoo က အကြံအစည်တွေကြောင့် ငြိမ်နေတာ...
Jennie အတွေးတွေကို ဖျောက်လိုက်ပြီး စာသာပြန်ကြည့်နေလိုက်သည်
အတန်းတင်စာမေးပွဲ ဖြေဖို့က 2 ပတ်ကျော်ကျော်ပဲ လိုတော့တာဆိုတော့ စာကြည့်ဖို့လိုနေပြီလေစာကြည့်မယ်သာပြောတာပါ
အရှေ့က စပ်ဖြီးဖြီးမျက်နှာနဲ့ လူကြောင့် စာကို ကောင်းကောင်းမကြည့်နိုင်ဘဲ နေရခက်နေမိသည်
"Jisoo စာမကြည့်ရင်တောင် ငါ့ကိုလည်း မကြည့်ပါနဲ့လား "
"Wae? ?? "
"ငါ စာကိုအာရုံစိုက်လို့မရဘူး "
Jisoo က ခေါင်းတညိတ်ညိတ်လုပ်နေတော့ jennie စိတ်ထဲ နေရအဆင်ပြေသွားသည်
YOU ARE READING
My strange girl
Fanfictionငါနင့်လို ရူးကြောင်ကြောင် လူတစ်ယောက်မဖြစ်ချင်ဘူး နင်က ရူးကြောင်ကြောင်လူတစ်ယောက်ဖြစ်ဖို့ အလားအလာမရှိဘူး... ဒါပေမယ့် နင့်စိတ်ထဲကမှာ ငါ ရှိနေတယ် Blackpink fic Jisoo x Jennie Jensoo 💖