My Strange Girl (cha-8) (Z+U)

1.1K 151 22
                                    

My Strange girl (cha-8)

Zawgyi


"Lisa...jisoo က အခုထိ နေပြန်မကောင်းသေးဘူးလား "

Jisoo ကျောင်းမတက်တာ 1 ပတ်လောက်ရှိပြီမို့ စိုးရိမ်စိတ်တွေက ငယ်ထိပ်ရောက်နေပြီ

အရင်က ဒီလောက်ကြီးထိ ကျောင်းမပျက်ဖူးတာမို့ jennie အတော်လေး စိုးရိမ်မိသည်

Jisoo ရဲ့ကျန်းမာရေးအခြေအနေကို သိချင်ပေမယ့် မာန အရင်းခံနေတာကြောင့် jisoo ကျောင်းပြန်တက်မှဘဲ ကိုယ်တိုင်မေးတော့မည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း jisoo ကျောင်းမတက်တာ တစ်ပတ်ကျော်လာတော့ jennie မနေနိုင်တော့ပေ

မနေနိုင်တော့တဲ့အဆုံး lisa ကိုမေးရတော့သည်

Jennie စကားကြားတော့ lisa က စာလုပ်နေရာကနေ ခေါင်းထောင်လာပြီး jennie ကို စူးစူးစိုက်စိုက်ကြည့်လာသည်

"ဘာလို့သိချင်တာလဲ "

"အဲ့ဒါက...ဒီအတိုင်း...."

"Jisoo က အားအရမ်းနည်းနေလို့ အိမ်မှာနားနေရတယ် "

"Arrr...."

Jisoo ရဲ့ အိမ္လိပ္စာကို lisa ဆီက တောင်းချင်ပေမယ့် jennie ကို ထူးထူးဆန်းဆန်းအကြည့်တွေနဲ့ကြည့်မှာကို မလိုလားတာကြောင့် တောင်းသင့်မတောင်းသင့် တွေဝေကာ lisa စားပြဲနား ငူငူကြီး ရပ်နေမိသည်

"Ji...jisoo ရဲ့ ph no ဖြစ်ဖြစ် အိမ်လိပ်စာဖြစ်ဖြစ် ပေးလို့ရမလား "

စကတ္စကို တင်းတင်းဆုပ်ကာ အရဲစွန့်ပြီး မေးလိုက်သည်

"အဲ့လိုမျိုး jisoo ရဲ့ personal အကြောင်းအရာတွေကို ငါအလွယ်တကူပြောလို့မရဘူးလေ!"

Lisa ပြောတာလည်းမှန်ပါတယ်
Jennie ဆိုလည်း ကိုယ့်နောက်ကွယ်မှာ ကိုယ်ရင်းနှီးတဲ့သူတစ်ယောက်က တခြားလူတွေကို ph no ကို အလွယ်တကူလိုက်ပြောနေရင် စိတ်ဆိုးမိမွာ...

"Ah...!! Ok
ထားလိုက်တော့ "

Jisoo ကျောင်းပြန်တက်မှ သေချာပေါက် မေးမယ် လို့ ဆုံးဖြတ်ထားလိုက်ပြီး မိမိစားပွဲသို့သွားရန် ပြင်နေစဉ်...

"မနက်ဖြန်လောက်ဖြစ်ဖြစ် သူ ကျောင်းပြန်တက်လိမ့်မယ်... အဲ့ဒါကလွဲပြီး ငါလည်း သိပ်မပြောပြနိုင်ဘူး "

My strange girlWhere stories live. Discover now