My Strange girl (cha-3) (Z+U)

1.1K 142 13
                                    

My strange girl (cha-3)

Zawgyi

အတန်းရှေ့ထိ လူစောက်မြင်ကပ်အောင် ro နေတဲ့ Jisoo တို့အတွဲအား မျက်စောင်းထိုးကာ ခုံတွင် ဝင်ထိုင်လိုက်သည်

နောက်မှ ရောက်လာတဲ့ lisa က Jisoo ဘေးနားက ပါးဖောင်းဖောင်းနဲ့ လောရှည်ကို မြင်လည်းမြင်ရော ပြေးဖက်ပါလေရော

တစ်ခန်းလုံးမှာ Jennie တစ်ယောက်ဘဲ သူတို့ကို အာရုံရှိနေတာလားဆိုတဲ့ အသိနဲ့ ဘေးဘီကို ကြည့်လိုက်တော့ တကယ်ဘဲ Jennie တစ်ယောက်ထဲ

ဆော့တဲ့သူကဆော့ အတင်းပြောတဲ့သူကပြောနဲ့ Jisoo တို့ကို ဘယ်သူမှ စိတ်မဝင်စားကြ

Jisoo ကို အာရုံမစိုက်မိအောင် ကြိုးစားဖို့ ထိုင်ခုံကို နံရံဘတ်ထိ ဆွဲယူလိုက်ပြီး အခန်းထောင့်နားလေးမှာ စာအုပ်ဖတ်နေလိုက်သည်

"Mandu Mandu Mandu "

အနွေးထည် ခရမ်းရောင်အနုလေးနဲ့ လိုက်ဖက်စွာ ပြုံးနေတဲ့ Jisoo အပြုံးတွေကြောင့် Jennie မင်သက်နေမိသည်

အင်း...Jisoo က အတော်လေးကိုလှတာ

ဒါတော့ Jennie လက်ခံတယ်

ပြုံးလိုက်တိုင်း Heart-shaped ဖြစ်သွားတဲ့ နှုတ်ခမ်းလေးက Jisoo ရဲ့ စွဲဆောင်မှုတွေထဲက တစ်ခုပေါ့

ဆံပင် အနက်ရောင်နဲ့ Jisoo အသားအရည် Jisoo မျက်နှာလေးက အရမ်းကို လိုက်ဖက်လွန်းပါတယ်

လူကသာ နားလည်ရမခက်ရင် Jisoo ကို အမြင်ကပ်မိမှာမဟုတ်

လူကို တစ်မျိုးပြီးတစ်မျိုး အာရုံမစိုက်စိုက်အောင်လုပ်တဲ့ Jisoo ကို Jennie ကြည့်မရတာတော့ အမှန်

အခုလည်း ဘယ်လိုရူးပေါပေါ စကားတွေလာပြောမလည်းမသိဘူး

စိတ်ညစ်ပါတယ်

"Mandu ya ~~ "

"ဘာလဲ! ! "

"ငါ... Mandu နဲ့ လက်ထပ်ချင်လို့ "

"ဘာ! !!!!!!! "

ဘာဆိုတဲ့ အံ့ဩသံနဲ့အတူ လက်ထဲက စာအုပ်က လွတ်ကျသွားပြီး ဘေးနားက ကျောင်းသားတွေကလည်း ကွက်ကြည့် ကွက်ကြည့်နှင့်

"နင်...နင် ရူးနေလား Kim Jisoo "

"ငါ မရူးပါဘူး "

My strange girlWhere stories live. Discover now