My Strange girl (cha-5) (U+Z)

1K 132 7
                                    

My Strange girl (cha-5)

Zawgyi

"မလိုက်ချင်ဘူးလို့ ...နင့်ခန္ဓာကိုယ်ကြီး ဖယ်ပါ chae ရာ "

ပိတ်ရက်ဆို အခန်းပြင်မထွက်ပဲ အိပ်ရာထဲမှာ တစ်နေကုန် အချိန်ကုန်နေတတ်တဲ့ jisoo ကို shopping ထွက်ချင်တဲ့ chae က ကုတင်ပေါ်တက်ပြီး မလိုက်မချင်း တက်ခွနေတော့ အောက်က လူကသေပြီလေ

"Unnie ကြိုက်တဲ့ ကြက်ကြော် ဝယ်ကျွေးပါ့မယ် "

"လိုင်းကနေဝယ်လို့ရတာပဲကို ဘာလို့အလုပ်ရှုပ်ခံနေတာလဲ "

"အရမ်းအပျင်းကြီးတာပဲ "

Jisoo ပေါ်ကနေ ဆင်းလိုက်ပြီး chae ညည်းတွားမိသည်

"အခုမှသိတာကြလို့ "

"တကယ်မလိုက်တာ ကျိန်းသေလား "

Chae မေးတာကို ပြန်မဖြေတဲ့အပြင် စောင်းကို ခေါင်းထိခြုံပြီး ပြန်အိပ်ဖို့ကြိုးစားနေတဲ့ ချစ်လှစွာသော unnie ကြောင့် chae စိတ်ညစ်မိသည်

ပိတ်ရက်ဆို ဘယ်ခေါ်ခေါ်မလိုက်ပဲ အိပ်ရာထဲမှာပဲ လူးလွန့်ပြီးနေတတ်တဲ့ unnie အကျင့်ကို ဘယ်လိုပြင်ပေးရမလဲ

ထမင်းစားချိန်လောက်ပဲ အောက်ထပ်ကို ဆင်းလာပြီး ကျန်တဲ့အချိန်တွေက အခန်းထဲမှာ ဂိမ်းဆော့လိုက် အိပ်လိုက်နှင့်သာ ပိတ်ရက်ကို ကုန်ဆုံးနေတတ်သည်

ခေါင်းထဲဝင်လာတဲ့ အကြံတစ်ခုကြောင့် smrik လုပ်လုပ်ပြီး...

"Unnie မလိုက်ဘူးဆိုရင်လည်း chae လည်း မသွားတော့ဘူးလေ ...ဒါပေမယ့် unnie ရဲ့ ဂိမ်းစက်ကို ယူသွားမယ်နော် ...ဘယ်မှမသွားမယ့်အတူတူ ဆော့မလို့ "

ဂိမ်းစက်အသံကြားတာနဲ့ စောင်ထဲက ကုန်းရုန်းထလာပြီး

"မနက်ပိုင်းတစ်ပိုင်းပဲ အချိန်ပေးမယ်... သွား အဝတ်စားသွားလဲတော့ "

ကုတင်ပေါ်ကဆင်းသွားပြီး ရေချိုးခန်းထဲ ဝင်ထားတဲ့ unnie ဖြစ်သူကိုကြည့်ကာ chae ဟက်ဟက်ပက်ပက်ရယ်မိသည်

သူ့ ဂိမ်းစက်ကို သူကလွဲပြီး တစ်ခြားသူထိမှာ သေမလောက်ကြောက်တဲ့ အားနည်းချက်က chae အတွက် တော်တော်လေး အလုပ်ဖြစ်နေသည်

နှစ်ယောက်လုံးပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့ appa က ကားနားမှာ အဆင့်သင့်စောင့်နေလျက်

My strange girlWhere stories live. Discover now