Zawgyi
"Unnie ....
Chae ...unnie နဲ့ လာအိပ်လို့ရလား "ခေါင်းအုံးပိုက်ပြီး အခန်းထဲဝင်လာတဲ့ chae ကို jisoo ခေါင်းညိတ်ပြပြီး chae လှဲလို့ရအောင် မိမိခေါင်းအုံးကို ကုတင်ထောင့်စွန်းဘက်ပို့ကာ လူပါ ဘေးဘက်ကပ်လိုက်သည်
"အိပ်မပျော်ဘူးလား chae "
"Arnyi...
Unnie နဲ့ အတူတူမအိပ်ရတာကြာလို့ "Chae က jisoo ဘေးနားဝင်လှဲရင်း ပြောလာသည်
"Jennie နဲ့ စာပို့နေတာလား "
အခန်းထဲဝင်လာတဲ့ chae ကိုတောင်ဂရုမစိုက်ဘဲ ph ကို လက်ထဲက မချတဲ့ unnie ကို မေးလိုက်သည်
"အင်း...
ဒီညနေကမှ သူ့ ph no ရလာတာလေ ""သူ့ကို တကယ်သဘောကျနေတာလား unnie က"
"သဘောကျတာထက် ပိုပါတယ် "
Chae မေးသမျှပြန်ဖြေနေပေမယ့် အာရုံက ph တွင်သာ ရှိနေသည်
Chae မျက်နှာကို တစ်စက်မှမကြည့်ဘဲ ဖြေနေသည့် unnie ကို တကယ်ကြည့်မရတော့... !!
"Jennie ပုံစံကို chae သဘောမကျဘူး "
Chae စကားကြောင့် jisoo ပြုံးလိုက်မိသည်
Chae မျက်နှာကို လှမ်းကြည့်ပြီး...
"သူနဲ့ စတွေ့ထဲက chae ဒီစကားကို ခဏခဏပြောတယ်နော်....
သူ့အကြောင်း chae သေချာမသိသေးလို့ပါ "Jennie ဘက်ကနေ ကာပြောနေတဲ့ unnie ကို မျက်စောင်းပစ်ထိုးလိုက်ပြီး...
"Jennie နဲ့ chae ဘယ်သူ့ကို ပိုချစ်လဲ "
"နှစ်ယောက်လုံးကိုချစ်တယ်လေ "
"ဟာ...မရဘူး
တစ်ယောက်ပဲ ရွေး! ! ""အဲ့လိုရွေးလို့မှမရဘူးလေ chae ရဲ့
Chae က unnie အတွက် အဖိုးတန်သလို jennie ကလည်း unnie အတွက် အရေးကြီးတယ် ""Unnie မကောင်းဘူး... !! "
စောင်ကို ခေါင်းအထိ လုံအောင်ခြုံပြီး တစ်ဖက်လှည့်ကာ ကောက်တော်မူသွားတဲ့ chae ကို jisoo ခေါင်းခါပြီး ကြည့်မိသည်
Mandu ကို အိပ်တော့မယ်ဟု စာပို့လိုက်ပြီး ph ပိတ်လိုက်သည်
YOU ARE READING
My strange girl
Fanfictionငါနင့်လို ရူးကြောင်ကြောင် လူတစ်ယောက်မဖြစ်ချင်ဘူး နင်က ရူးကြောင်ကြောင်လူတစ်ယောက်ဖြစ်ဖို့ အလားအလာမရှိဘူး... ဒါပေမယ့် နင့်စိတ်ထဲကမှာ ငါ ရှိနေတယ် Blackpink fic Jisoo x Jennie Jensoo 💖