My Strange girl (cha-17)(Z+U)

1K 132 24
                                    


Zawgyi



"Mandu! !! "


". ............"



"Mandu Mandu Mandu ~~~
စတော်ဘယ်ရီသီးတွေက အဖြူရောင်လည်း ဖြစ်နိုင်သလို အဝါရောင်လည်း ဖြစ်နေနိုင်တယ်
တချို့စတော်ဘယ်ရီအသီးတွေဆို နာနတ်သီးအရသာ ရနေတတ်တယ်

စတော်ဘယ်ရီသီးအရမ်းကြိုက်တဲ့ mandu ကို သိစေချင်လို့ "




"ကလေး အယောက် 2000 မှာ တစ်ယောက်က သွားတွေနဲ့ မွေးဖွားလာတတ်တယ်

အင်း....ငါနဲ့ mandu နဲ့ ရတဲ့ကလေးလည်း အဲ့လိုသွားလေးပါလာရင်ကောင်းမယ်
နို့တိုက်စရာမလိုတော့ဘူး
တစ်ခါတည်း ထမင်းတန်းကျွေးလို့ရပြီ "



What the... ???!!!


Kim jisoo ရဲ့ အနောက်တည့်တည့်ခုံမှာ ထိုင်ရတာက ဝဋ်ကြွေးတစ်ခုလိုပဲ
နေ့ရှိသ၍ အားလပ်ချိန်တိုင်း jennie ရဲ့ စာရေးခုံပေါ် မေးထောက်ပြီး mandu mandu နဲ့ တစာစာခေါ်လိုက် ရေပက်မဝင်အောင် စကားပြောလိုက်နဲ့

Jennie ဘက်က ဘာမှမတုံ့ပြန်ရင်တောင် သူက ဆက်ပြီး ပြောဆဲ ပြောလတ္တံ့

တုံ့ပြန်မှုမရတာတောင် ဒီလောက် ပြောနေတာ jennie ဘက်ကနေ တစ်ခုခုသာ တုံ့ပြန်မှုပေးကြည့်
သန့်စင်ခန်းသွားရင်တောင် နောက်ကနေ တကောက်ကောက်လိုက်ပြီး ပြောမယ့်အမျိုး....

အရင်ကလိုစကားလုံး အရင့်အမာကြီးတွေနဲ့ နှင်ကလည်း မထုတ်ရက်
နားညည်းတာလည်းမခံနိုင် နှင့် jennie စိတ်ရှုပ်နေရသည်


သူ့ထပ်ပိုပြီး စိတ်ရှုပ်ဖို့ကောင်းတာက jennie ရဲ့ ညာဘက် တစ်ခုံကျော်မှာထိုင်နေတဲ့ kim jongin ကြောင့်ပင်...

လူသွားလမ်းနဲ့ ခုံတစ်ခုံခြားနေတာကြောင့် jennie ရဲ့ မြင်ကွင်းထဲ ရောက်မလာပေမယ့် သူ့ရဲ့ ရွံစရာကောင်းတဲ့ ပြီတီတီ အကြည့်တွေက သိပ်စိတ်ပျက်ဖို့ကောင်းနေသည်


Jongin အထက်တန်း ဒုတိယနှစ် အတန်းတင်စာမေးပွဲ ဖြေခါနီး သုံးရက်အလိုတွင် ခေါင်းကွဲပြီး ဆေးရုံတင်လိုက်ရတာကြောင့် နောက်ထပ်တစ်နှစ် ထပ်တက်လိုက်ရသည်ကို jennie ကြောင့်ဆိုပြီး မကျေမနပ်ဖြစ်နေပုံရသည်



My strange girlWhere stories live. Discover now