My Strange girl (cha-4) (Z+U)

1.1K 137 11
                                    

My Strange girl (cha-4)

Zawgyi

ဒီနေ့ jisoo ကျောင်းမလာဘူးလား

အရင်ကဆို အတန်းရှေ့ကြည့်လိုက်တာနဲ့ ထင်းနေတတ်တဲ့ Jisoo နေရာလေးက အခုတော့ လွတ်ဟာလျက်

အတန်းပိုင်တီချယ်နဲ့ lisa ရောက်တဲ့အချိန်ထိ jisoo တစ်ယောက် အခန်းထဲရောက်မလာသေး

Bell တီးပြီးမှ အခန်းထဲဝင်လာတဲ့ ကျောင်းသားတစ်ချို့ကိုလည်း Jisoo အထင် နဲ့ လိုက်ကြည့်မိသည်

အခန်းထဲက ထိုင်ခုံအလွတ်တွေ နေရာပြည့်သွားတဲ့အချိန်ထိ jisoo ရောက်မလာပေ

တစ်ခါမှ ကျောင်းမနောက်ကျဖူးတဲ့ Jisoo က ဘာလို့လဲ

Jisoo နဲ့ အရင်းနှီးဆုံး lisa ကို သွားမေးရင် jisoo ဘာဖြစ်လဲဆိုတာ သိနိုင်ပေမယ့် jennie မာနတွေကြောင့် မမေးဖြစ်ခဲ့

မုန့်စားဆင်းချိန်ရောက်တော့ အတန်းထဲကနေ jennie ထွက်ခါနီး jisoo ဝင်လာတာကြောင့် လှမ်းနှုတ်ဆက်ဖို့ပြင်လိုက်ပေမယ့် jisoo ဘေးနားကနေ ရယ်မောပြီး ပါလာတဲ့ ကောင်မလေးတစ်ယောက်ကြောင့် နှုတ်ဆက်ဖို့ လှမ်းခေါ်မည့်လက်ကို ပြန်ရုတ်သိမ်းလိုက်သည်

သူတို့က ရယ်မောပျော်ရွှင်စွာနဲ့ အတန်းရဲ့ရှေ့ပေါက်ကဝင်လာနေတာကြောင့် jennie စာသင်ခန်းအနောက်ဘက်က အပေါက်ကနေသာ ထွက်လာခဲ့သည်





ကျောင်းဆင်းခါနီးအချိန်ထိ Jisoo တစ်ယောက် Jennie နား ပေါ်မလာခဲ့ဘူး

Jennie ကတော့ ရှေ့ခုံမှာ ထိုင်တဲ့ jisoo ကို တစ်ချက်တစ်ချက် လှမ်းကြည့်မိသည်

Jisoo ကို ကြည့်ရတာ ပုံမှန်ထက် နည်းနည်းထူးခြားနေသလိုပင်

ပုံမှန်ဆို lisa နဲ့ စကားတွေပြောပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူက အခုတော့ စာရေးစားပွဲပေါ် ခေါင်းမှောက်ပြီး အိပ်နေလေရဲ့

Jisoo နေမကောင်းဖြစ်နေတာများလား

တက်တက်ကြွကြွမရှိဘဲ လေးလံထိုင်းမှိုင်းနေတော့ Jennie အနည်းငယ်တော့ စိတ်ပူမိသည်

ဒါက Jisoo ပုံစံမှမဟုတ်ဘဲ...

ကျောင်းဆင်းတော့ ကျောပိုးအိတ်ထဲ စာအုပ်တွေ အမြန်ကောက်ထည့်လိုက်ပြီး jisoo နားသွားဖို့ ခြေလှမ်း ပြင်လိုက်သည်

My strange girlWhere stories live. Discover now