My Strang girl (cha-19)

2K 158 28
                                    


Zawgyi

တင်းတောင်...! တင်းတောင်... !

Doorbell camera မှ တစ်ဆင့် ကျောပိုးအိတ်လွယ်ထားသည့် jennie ကို chaeyoung မြင်လိုက်ရတာကြောင့် တံခါးလက်ကိုင်ဘုသို့ လှမ်းနေသည့် လက်မှာ ရုတ်တရပ် ရပ်သွားတော့သည်

အစက တံခါးဖွင့်ပေးဖို့ ဧည့်ခန်း ဆိုဖာပေါ် ထိုင်နေရာကနေ ထလာတာမှန်သော်ငြား jennie ဖြစ်နေသည့်အတွက် ဖွင့်ပေးရကောင်းနိုး မဖွင့်ပေးရကောင်းနိုး တွေဝေနေမိသည်

တင်းတောင်...! တင်းတောင်...!

လူခေါ်ဘဲလ်က chaeyoung တံခါးမဖွင့်ပေးမချင်းကို အဆက်မပြတ်မြည်နေတော့သည်


"Chaeng.. ! ဘဲလ်တီးနေတာ ဘယ်သူလဲ "


ဘဲလ်တီးသံ ကြားရလို့ထင်သည်
Apron ဝတ်ထားသည့် omma က မီးဖိုချောင်ထဲက ထွက်လာလေသည်


"Unnie ရဲ့ သူငယ်ချင်းထင်တယ် omma "


Omma အကြည့်တွေကို ရှောင်လွှဲကာ ဖြေလိုက်သည်


"သတင်းလာမေးတာထင်တယ် ဖွင့်ပေးလိုက်လေ "



"ဟုတ်...ဟုတ် omma "


Chaeyoung တံခါး ဖွင့်ပေးလိုက်တော့ အေးစက်စက် အကြည့်တွေက မဖိတ်ခေါ်ဘဲ ရောက်လာလေသည်

Chaeyoung သူ့အကြည့်တွေကို တစ်စက်မှမကြိုက်သော်လည်း omma ရှိနေတာကြောင့် ဘာမှမပြောဖြစ်ပေ...


"Jennie မလား သမီးက "


"Nae ommeoni "

ဘုကြည့်ကြည့်နေတဲ့ chaeyoung ကို သူ့ထက်မလျော့တဲ့ အေးခဲသည့်အကြည့်တွေနှင့် ပြန်ကြည့်ပေးကာ သူ့နောက်တွင်ရပ်နေသော jisoo omma ကို လှမ်းပြုံးပြလိုက်သည်

Inwangsan တောင် တက်ပြီးထဲက မတွေ့ဖြစ်တာ နှစ်လလောက်ရှိပြီဖြစ်သော်လည်း သူမကို မှတ်မိနေသည့် jisoo omma ကြောင့် jennie နွေးထွေးသွားသလိုခံစားရသည်


"Jisoo ကို သတင်းလာမေးတာလား "


"ဟုတ်တယ် ommeoni
Ommeoni ရော နေကောင်းရဲ့လား "


"Ommeoni ကတော့ ဒေါင်ဒေါင်မြည်ပဲ
အပေါ်မှာ jisoo ရှိတယ် တက်သွားလိုက် "


My strange girlWhere stories live. Discover now