My strange girl (cha 2) l(Z+U)

1.2K 138 10
                                    

My strange girl (cha-2)

Zawgyi

Jisoo နှုတ်ကနေ ထွက်လာတဲ့ စကားမှန်သမျှကို တစ်ခန်းလုံးက ဘာလို့ စိတ်ဝင်စားကြလဲဆိုတာ Jennie ကောင်းကောင်းကြီး သိသွားခဲ့ပြီ

Jisoo သာ မပြောခဲ့ရင် သေသွားတဲ့အထိ သိလိုက်မှာမဟုတ်တဲ့ အကြောင်းအရာတွေ မေးခွန်းတွေ ဖြစ်နေလို့ပဲ

ဒါပေမယ့် အဲ့ဒါတွေ မှန်လား မှားလားဆိုတာ Jennie အပါမအဝင် တစ်ခန်းလုံး မသိကြပါဘူး

Jisoo ရဲ့ အပြုအမူ စကားတွေက လူတစ်ယောက်ရဲ့ အာရုံကို ကောင်းကောင်း စွဲဆောင်နိုင်တယ်

နားထောင်လိုက်တဲ့လူတိုင်းကို ငြိမ်ကျပြီး အတွေးပေါင်းများစွာ ဖြစ်သွားနိုင်တဲ့အထိ စွဲဆောင်နိုင်လွန်းတယ်

ဆရာ မဝင်တဲ့အချိန်တိုင်း Jisoo က သူ့ Rubik's tube ကို တစိမ့်စိမ်ထိုင်ကြည့်နေတတ်တယ်
Jennieမြင်ရသလောက်တော့ တခြားသူတောင်းရင် ဘယ်တော့မှ ပေးမကိုင်တတ်ဘူး
အရောင်တွေတူသွားအောင် လှည့်ခြင်းဘာခြင်းလည်း မရှိဘူး

ဒီတိုင်းပဲ တစိမ့်စိမ့်ကြည့်နေတာ

ပြီးတော့ သူလုပ်တာ နောက်တစ်ခု ရှိသေးတယ်

ပန်းချီဆွဲတာ

ဘယ်လိုတွေ ဆွဲမှန်းမသိပေမယ့် တစ်ခါတရံ Jisoo ဘေးနားမှာထိုင်တဲ့ Lisa ပြောသံကြီးက Jisoo ဟာ သာမန်လူတွေထက် တော်တော်လေးထူးခြားတာကိုသိသာစေတယ်

"Jisoo ya...ဆွဲပြန်ပြီလား အဲ့လိုပုံတွေ "

Jisoo က ခေါင်းကို သာသာ ညိတ်ပြပြီး သူလုပ်စရာရှိတာကိုသာ ဆက်လုပ်နေတယ်

"မျက်နှာကို လှလှလေး ဆွဲကြည့်ပါလား ...ဘယ့်နှယ့် မျက်နှာတွေကို လေးထောင့် လို အတုံးကြီးတွေ တြိဂံလို ချွန်ချွန်ကြီးတွေ ဆွဲနေတာလဲ... "

Lisa အသံကြောင့် Jisoo နဲ့ ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့သူတွေကတောင် Jisoo ရဲ့ ပန်းချီကို စိတ်ဝင်စားပြီး တကူးတက သွားကြည့်ကြတယ်

Jennie ဘက်ကနေ လူတစ်ယောက်ကို အားလပ်ချိန်တိုင်း စေ့စေ့စပ်စပ် လိုက်ကြည့်မိတာ ဒါ ပထမဦးဆုံးပင်

ဒါကလည်း Jisoo က သာမန်လူတွေထက် ကွဲထွက်နေလို့ ဖြစ်မှာပါ





My strange girlWhere stories live. Discover now