My Strange girl (cha-7) (Z+U)

1K 145 20
                                    

My Strange girl (cha-7)

Zawgyi

ဒီနေ့ jennie စာသင်ခန်းထဲဝင်လာတော့ jisoo က jennie ထိုင်ခုံမှာထိုင်နေပြီး တွေ့တာနဲ့ ပြုံးပြလေတော့သည်

Jennie ထိုင်ခုံနားရောင်တော့ သူက အလိုက်တသိထ ပေးပြီး လက်ထဲက စက္ကူနဲ့ထုပ်ထားတဲ့ မုန့်ထုပ်ကို စားပွဲပေါ်တင်ကာ

"Mandu ကောင်းကောင်းစားနော် "

ထွက်သွားဖို့ပြင်နေတဲ့ သူ့လက်ကောက်ဝတ်ကိုဆွဲလိုက်ပြီး

"ပြန်ယူသွား "

ဘာလို့လဲဆိုတဲ့အကြည့်နဲ့ ကြည့်နေတဲ့ သူ့လက်ထဲကို မုန့်ထုပ်ပြန်ထည့်ပေးလိုက်သည်

အငတ်ပဲခံလိုက်မယ်
Jennie kim ကို ဒီလိုဆက်ဆံတာ လုံးဝကိုမကြိုက်တာ
လူတွေရဲ့ သနားတဲ့မျက်လုံးနဲ့ အကြည့်ခံရတာလောက် ခံပြင်းတာမရှိဘူး

"Mandu ကို သနားလို့ ဒီလိုဆက်ဆံနေတာမဟုတ်ဘူးနော် "

"အနည်းနဲ့အများပဲ ကွာကြတာ လူတိုင်းကဒီလိုပဲ "

"ငါ့မျက်လုံးကိုသေချာကြည့်
Mandu ကို သနားတဲ့ပုံ ပေါက်နေလား "

အရင်ကလို စပ်ဖြီးဖြီးမျက်နှာမဟုတ်ဘဲ လေးနက်နေတဲ့ သူ့အကြည့်တွေက Jennie ကို နေရခက်စေတယ်

ကြည့်ရတာ မယူမချင်း jennie နားက သွားမယ့်ပုံမပေါ်

"ထားခဲ့"

Jennie ဆီက ခွင့်ပြုချက်ရတာနဲ့ ချက်ချင်းကို စားပွဲပေါ်တင်ပြီး

"မိန်းကလေး 80% က စတော်ဘယ်ရီကြိုက်တာမို့ အဲ့အရသာပဲဝယ်ခဲ့တယ် ပေါင်မုန့်ကို "

Jisoo က မနက်တိုင်း jennie ကို သူပြောချင်တာပြောပြီးရင် lisa ဘေးနားက သူ့ခုံမှာ ဘာမှမလုပ်ခဲ့တဲ့အတိုင်း ထိုင်နေတတ်တယ်

-----------------------

"Mandu ya ကြက်ကြော်ဝယ်လာခဲ့တယ် "

"ငါက ကြက်သား ပဲ စားတာမို့လို့ ဘာဂါကိုလည်း ကြက်သားနဲ့ပဲ ဝယ်လာခဲ့တယ် Mandu "

"ရေညှိထမင်းလိပ် ယူလာတယ် Mandu ya "

တစ်နေ့တစ်မျိုး မရိုးရအောင် ယူလာသော kim jisoo ကြောင့် jennie လည်း မနက်စာကို ကောင်းကောင်းမွန်မွန် စားလာနိုင်ခဲ့သည်

My strange girlWhere stories live. Discover now