My Strange girl (cha-11)
Zawgyi
"Ahshi! !
အဲ့ဒီခံစားချက်က ဘာလဲဟာ..."Chae အလိုမကျစွာနှင့် ခေါင်းကဆံပင်တွေကို လက်နှင့်ထိုးဖွလိုက်ပြီး အိပ်ရာထဲ လူးလှိမ့်နေမိသည်
မနက်က jisoo unnie အပြင်မသွားခင်ထဲက အိပ်ရာထဲဝင်ခွေနေတာ နေ့လယ်စားလည်း ထ မစားဖြစ်ဘဲ အတွေးပေါင်များစွားနှင့်သာ စိတ်ရှုပ်နေရသည်
နေ့လယ်စာ ထမစားပေမယ့် omma က ဗိုက်စာရင်စားလို့ရအောင် ထမင်းနဲ့ ဟင်းတစ်ချို့ကို ဗန်းထဲထည့်ပြီး စားပွဲပေါ်လာတင်ပေးသွားသည်
ထမင်းဗန်းလာထားပေးတုန်းကလည်း omma က ကိုယ့်နှဖူးပေါ်လက်တင်ကာ အဖျားရှိမရှိစမ်းသွားသေးသည်
နေမကောင်းဖြစ်နေတာလည်းမဟုတ်ဘဲ အိပ်ရာထဲလူးလှိမ့်နေတဲ့ chae ပုံစံက omma အတွက် အထူးအဆန်းဖြစ်နေသည်
"Chae... ပြသနာတစ်ခုခုရှိလို့လား "
Chae လှဲနေတဲ့ ဘေးနားမှာ omma က ခန္ဓကိုယ် တစ်ခြမ်းစောင်း ထိုင်ကာ မေးလာသည်
"မရှိပါဘူး omma "
"တစ်ယောက်ယောက်ကြောင့်လား "
"Nae? ? "
Omma ဘာကိုဆိုလိုချင်တာလဲ မသိသည့်အတွက် chae.. omma ကို နားမလည်သည့်ပုံစံနှင့်ကြည့်မိသည်
"ချစ်သူရှိနေပြီလား "
"ဟာ...omma ရယ် မရှိပါဘူး "
Chae ခေါင်းခါပြီး မရှိကြောင်း ပြန်ဖြေလိုက်သည်
"သဘောကျတဲ့လူရော...."
Omma နှုတ်ကနေ သဘောကျတဲ့လူလို့ ပြောလိုက်တာနဲ့ အတွေးထဲတန်းဝင်လာတာက jisoo unnie ရဲ့ ပုံရိပ်! !
Kim Chaeyoung ရေ! !
အဲ့ဒါ နင့်အစ်မဟ... ဘာတွေ လျှောက်တွေးနေရတာလဲ! !မဖြစ်သင့်ဘူးလေ...
ဝမ်းကွဲလည်းမဟုတ်ဘဲ ...jisoo unnie က အစ်မအရင်းကိုOmma မေးခွန်းကို ချက်ချင်းပြန်မဖြေနိုင်ဘဲ အတွေးထဲ စစ်တိုက်နေတာကြောင့် omma က ပြုံးပြီး chae ခေါင်းကို ဖွဖွလေးပွတ်ကာ...
YOU ARE READING
My strange girl
Fanfictionငါနင့်လို ရူးကြောင်ကြောင် လူတစ်ယောက်မဖြစ်ချင်ဘူး နင်က ရူးကြောင်ကြောင်လူတစ်ယောက်ဖြစ်ဖို့ အလားအလာမရှိဘူး... ဒါပေမယ့် နင့်စိတ်ထဲကမှာ ငါ ရှိနေတယ် Blackpink fic Jisoo x Jennie Jensoo 💖