Zawgyi
အတန်းတင်စာမေးပွဲ ပြီးထဲက Mandu နဲ့ မတွေ့ဖြစ်တာ တစ်လ ပင်ရှိတော့မည်
မတွေ့ရဆို appa နဲ့ omma က Haraboji တို့ရှိတဲ့ jeju ကျွန်းကို အပန်းဖြေအနေနဲ့ jisoo ကိုရော chae ကိုပါ ပို့ထားသောကြောင့်ဖြစ်သည်
စရောက်တဲ့ 10 ရက်လောက်တုန်းကတော့ ပျော်မိပေမယ့် ကြာလာတော့ mandu ကို သတိရလာသည်
အပန်းဖြေခရီးစဉ်မှာ lisa ပါ ပါလာတာမို့ chae နဲ့ lisa ရဲ့ တကျက်ကျက်ရန်ဖြစ်နေတာကိုကြည့်ပြီး သိပ်တော့ မပျင်းရပေ
Chae ကို လိုချင်တော့ Haraboji တို့ရှေ့မှာ အမှတ်ကောင်းတွေယူပြနေတဲ့ lisa ကိုလည်း လက်ဖျားခါမိသည်
Chae ကတော့ lisa ဖွင့်ပြောပြီးထဲက lisa ကို သိပ်ပြီး မခင်တွယ်တော့သလို
Mandu လည်း ကိုယ့်အပေါ် ဒီအတိုင်းပဲ ဆက်ဆံခဲ့တာဆိုတော့ chae ကို လွန်တယ်လို့တော့ jisoo မမြင်မိပေ
Mandu နဲ့ မတွေ့ဖြစ်ပေမယ့် ညဘက်တိုင်း ph တော့ ပြောဖြစ်သည်
Ph ပြောတိုင်း jisoo စကားကြောင့် ကောက်တော်မူသွားတဲ့ mandu ကို ချော့ရပေါင်းလည်း မနည်းတော့
ညတိုင်းစကားပြောနေပေမယ့် ချစ်သူရည်းစားတွေလားဆိုတော့လည်းမဟုတ်ပေ...
Mandu က စဉ်းစားပေးမယ်လို့ ပြောပြီးထဲက jisoo လည်း အဖြေထပ်မတောင်းမိ
-----------------
Chae ကိုယ်လက်သန့်စင်ပြီး အိပ်ခန်းထဲ ဝင်လာတော့ jisoo unnie ကို မတွေ့တာကြောင့် lisa အခန်းထဲ ဝင်လိုက်သည်
"Lisa...jisoo unnie နင့်အခန်းထဲမှာလား "
Lisa က ကုတင်ပေါ်မှာလှဲရင်း game ဆော့နေရာမှ ထလာပြီး
"မဟုတ်ဘူး
Chaeng အခန်းထဲမှာရော ""ဂေါက်သီး! ! သူနဲ့ငါက တစ်ခန်းထဲ အတူတူအိပ်တာလေ... အခန်းထဲမှာ မတွေ့လို့ နင့်အခန်းထဲမှာများ ရှိလား လာမေးတာ "
"ဟုတ်သားပဲ...
ငါ့အခန်းထဲလည်း မလာဘူး
သူမလာလို့တောင် ငါ ဒီတစ်ပွဲ ဆော့ပြီးသွားရင် နင်တို့အခန်းထဲ လာမလို့ ""ငါ jisoo unnie ကို လိုက်ရှာလိုက်ဦးမယ် "
"အော်... အင်း "
YOU ARE READING
My strange girl
Fanfictionငါနင့်လို ရူးကြောင်ကြောင် လူတစ်ယောက်မဖြစ်ချင်ဘူး နင်က ရူးကြောင်ကြောင်လူတစ်ယောက်ဖြစ်ဖို့ အလားအလာမရှိဘူး... ဒါပေမယ့် နင့်စိတ်ထဲကမှာ ငါ ရှိနေတယ် Blackpink fic Jisoo x Jennie Jensoo 💖