Chapter-9

298 67 52
                                    

[Unicode]

လေအေး​ပေးစက်အကူအညီမရှိတဲ့ ​နွေရာသီညလယ်ကငြီး​ငွေ့စရာ​ကောင်း​လောက်​အောင် ပူအိုက်နေ​ပေ
မယ့် အ​အေးမခံနိုင်တဲ့ ညီမ​လေးအတွက်​တော့ ဒီအပူချိန်​လောက်ဟာ အ​နေ​တော်ပဲ..
မီး​ရောင်မှိန်ပျပျ​အလယ်က တစ်​ယောက်အိပ်ကုတင်​ပေါ်မှာ လှဲ​လျောင်း​နေတဲ့ ​ညီမဖြစ်သူက သူ့ရဲ့နံ​ဘေးမှာထိုင်​နေတဲ့​ ​အစ်ကိုဖြစ်သူရဲ့လက်ဖဝါးကို လွှတ်​ပေးလိုက်ရင် ထွက်​ပြေးသွား​မှာဆိုးတဲ့အလား တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားတယ်..​
အနားသား​တွေစုတ်​နေပြီဖြစ်တဲ့ ပုံပြင်စာအုပ်ပါးပါးကို ကိုင်ကာ အနူးညံ့ဆုံးအသံနဲ့ဖတ်ပြ​နေတဲ့​ဘောမ်ဂယူက သူ့ရဲ့နှဖူးစပ်​ပေါ်က ​ချွေးစို့စို့ကို လက်ဖမိုးနဲ့ဖိသုတ်လိုက်တယ်..

"အဲ့လိုနဲ့ပဲ ဂျို​တွေနဲ့ကောင်​လေးက ​တောနက်ထဲကိုထွက်​ပြေးသွားခဲ့တယ်..သူက စိုးရိမ်​နေတယ် သူသာထွက်သွားရင် ကျန်​နေခဲ့တဲ့မိသားစုဝင်တွေကိုဘယ်သူကဂရုစိုက်​ပေးမလဲဆိုတာကို.."

​စာရွက်ကိုအသံမထွက်​​အောင် ​ဘောမ်ဂယူ သာသာ​လေး လှန်လိုက်ပြီး ဆက်ဖတ်တယ်..

"ဒါ​ပေမယ့် အခုအချိန်မှာ​တော့သူက သူ့အတွက်ပဲစဥ်းစားနိုင်​တော့တယ်..လူအများရဲ့ လက်ညှိုးထိုးရှုံ့ချ​မှု​အောင်မှာ မရှင်သန်နိုင်​တော့တာမို့ ဖြစ်နိုင်ရင် သတ္တဝါတစ်​ကောင်မှမရှိတဲ့ ဂြိုဟ်​ဟောင်းတစ်ခုမှာ သွား​နေချင်​ပေမယ့် အဲ့လို​နေရာဆိုတာရှိ​ရောရှိပါ့မလား..
ထို​ကောင်​လေးက သူ့ရဲ့ လင်းလက်​နေတဲ့ဂျို​တွေကို အတင်းဖိချတယ်..​ကျောက်ခဲထက်ထက်နဲ့ ထိုးခွဲတယ်..​​သွေး​တွေသာ အချည်းနှီးကျလာပြီး သူရဲ့ဂျို​လေးက ​​တော့ပျောက်ပျက်မသွားခဲ့ဘူး.."

"ကိုကို..အဲ့ဒီ​ကောင်​လေးလို ညီမ​လေးမှာပါ ဂျို​တွေထွက်လာရင် ကိုကိုတို့က ထားသွားမှာလား"

ချစ်စရာ​ကောင်း​အောင် ​မေးတတ်တဲ့ညီမ​ဖြစ်သူ မီ​ယောင်းရဲ့ ဆံပင်​ပျော့​ပျော့​လေး​တွေကို ပွတ်သပ်​ပေးလိုက်ရင်း ​ဘောမ်ဂယူကပြုံးတယ်..

"အင်း..ဒါဆို အစ်ကိုတို့ဆီမှာပါ ဂျို​တွေထွက်လာလိမ့်မယ်.."

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now