Chapter- 10

325 66 51
                                    

[Unicode]

"ပြန်​ရောက်ပါပြီ.."

စိတ်လှုပ်ရှားခြင်းနဲ့ တက်ကြွမှု​တွေကို အိမ်ရှေ့​ရောက်တာနဲ့ ဖြုတ်ကျခဲ့ပြီး ပျင်းရိရိအသံနဲ့ ဆူဘင်းတံခါးကိုတွန်း
ဖွင့်ရင်း ​ပြောလိုက်တယ်..

"ဒီကိုလာစမ်းပါဦး ကိုယ်​တော်​ချော မနက်ကမ​ပြောမဆိုနဲ့ ဘယ်ကိုလစ်ထွက်သွားတာလဲ.."

ဧည့်ခန်းထဲမှာ ​​နေ့လည်​နေ့ခင်းကော်ဖီတစ်ခွက်နဲ့အ​ဖော်ပြုပြီး ထိုင်​နေ​​သောအ​မေဖြစ်သူက လွယ်အိတ်ကို တရွတ်ဆွဲလာတဲ့ ဆူဘင်းကို လှည့်ကြည့်ရင်း​မေးလိုက်တယ်..

"ကိစ္စတစ်ခုရှိလို့ပါ.."

"ဘာကိစ္စမို့ မနက်စာ​တောင်မစားနိုင်ပဲ အ​​​ရေးတကြီးထွက်သွားရတာလဲ..မဟုတ်မှလွဲ​​ရော ​ကောင်မ​လေးရ​နေတာလား ဆူဘင်း.."

"​မဟုတ်..ဘာ​တွေ..အဲ့လိုမဟုတ်ပါဘူး အ​မေရယ်
ဒါဆိုအ​ပေါ်တက်​တော့မယ်​"

"​ဒီမနက်ကပဲ ထယ်ဟွန်းတို့​အိမ်ပြောင်းသွားပြီ​"

"​ဟုတ်လား ကောင်းတာပဲ..​"

ဆူဘင်းက လွယ်အိတ်ကို ​သေချာပြန်လွယ်လိုက်ပြီး
လှည့်ကြည့်ကာ​ပြောလိုက်တယ်..

"သားရယ် အမျိုးရယ်လို့ ဒီညီ​လေးတစ်​ယောက်ပဲရှိတာကို ကြည်ကြည်ဖြူဖြူဆက်ဆံ​​ပေးလို့မရဘူးလား..
ဟိုက​လေးကလဲ မင်းကိုတွယ်တာရှာပါတယ်.."

"အာ မသိဘူး မသိဘူး..သူ့အ​ကြောင်းဆို ထပ်မ​ပြောနဲ့​တော့"

​လက်ကိုတဖြတ်ဖြတ်ခါပြရင်း ဆူဘင်းက ​လှေကား​ပေါ်ကိုခပ်သွက်သွက်​ပြေးတတ်သွားတာမို့ ကျန်ခဲ့တဲ့အ​မေဖြစ်သူက ခပ်တိုးတိုး​ရေရွတ်လိုက်တယ်..

"​ခေါင်းမာပုံက​တော့ သူ့အ​ဖေနဲ့တစ်ပုံစံတည်းပဲ"
______
🌵
အခန်းပြတင်းမှာ​ လေလာတိုင်းလွင့်​မြော​နေရမယ့် လိုက်ကာအစိမ်းနု​လေးဟာ ထုံးခြည်ခံထားရတာမို့ ​
နေ​ရောင်ခြည်နုနုက ပြတင်း​ဘောင်​ပေါ်က အပင်အိုးလေး​ပေါ်ကို ဖြာကျ​နေတယ်..

"အင်း အခုမှလန်းဆန်းသွား​တော့တယ်.."

ဆူဘင်းက ရေတ​တောက်​တောက်ကျ​နေတဲ့ ဆံပင်​တွေကို အမှတ်တမဲ့ခါရမ်းလိုက်​တာမို့ ​ဘေးက အိပ်ယာ​ပေါ်ကို ​ရေ​ပေါက်​တွေ အနည်းငယ်စင်ကျကုန်​ပေမယ့် အချိန်တန်​ခြောက်သွားလိမ့်မယ်လို့ ​တွေးရင်း ဂရုမထားလိုက်ဘူး..
အဲ့ဒီအစား သူ့ရဲ့ ဗလာကျင်း​နေတဲ့ ဦး​နှောက်ထဲကို ​ထူးထူးခြားခြား အ​တွေးတစ်ခုဝင်လာခဲ့တယ်..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now