Chapter-5

378 85 23
                                    

[Unicode]"ဟျူနင်းခါအီ မင်းပဲငါနဲ့ထမင်းသွားစားမယ်ဆို.."

​ပြောမိပြီးကာမှ ​နောင်တ​သေး​သေး​လေးရသွားပုံရတဲ့ ဆူဘင်းက​ ​ခပ်မြန်မြန်ပဲရှေ့ကိုပြန်လှည့်သွားတယ်..
ရုတ်တရက်​မို့ ကြောင်သွားတဲ့ အဲလစ်က​တော့ ဆူဘင်းကိုတလှည့် ဟျူနင်းကိုတလှည့်ကြည့်ရင်း ​​ပြောလိုက်တယ်..

"အဲ့ဒါဆိုလဲ ​နောက်​နေ့မှပဲသွားစားရ​အောင် ငါသွားပြီ.."

ဟျူနင်း အဲလစ်ကိုလက်ပြလိုက်ပြီး ​မျက်လုံးကို​ထောင့်ကပ်ကာ သေချာစဥွ်းစားကြည့်​နေတယ်..​သေချာ​ပေါက် ခုနကဆူဘင်းဗိုက်မဆာဘူးလို့​ပြောလိုက်သလိုပါပဲ..

"အစ်ကို..ဗိုက်ဆာလာလို့လား..ဒါဆိုမြန်မြန်သွားရ​အောင် ထမင်းစားချိန်နာရီဝက်ပဲကျန်​တော့တယ်.."

"အဟမ်း..အင်း"

နံရံကိုမျက်နှာမူမိလုနီးပါး ​ဟျူနင်းကို​ကျော​ပေးထားတဲ့ဆူဘင်း​ချောင်းတစ်ချက်ဟန့်လိုက်ကာ လွယ်အိတ်ထဲကပိုက်ဆံအိတ်ကို​ မြန်မြန်ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ​ရှေ့ကအရင်ထွက်သွားတဲ့ဟျူနင်း​နောက်က​နေ မသိမသာ​လေးကပ်လိုက်သွားတယ်..

ကျောင်းကန်တင်းကအ​တော်အတန်ကျယ်ဝန်းတယ်..​
ဟောခန်းကြီးလို အခန်းရဲ့ ဘယ်ဘက်မှာ သပ်ရပ်ပြီး လေး​ ငါးယောက်​ခန့်ဆန့်တဲ့ ခုံတန်း​ရှည်​တွေကို စီစီညီညီ​နေရာချထားတယ်..
ညာဖက်မှာ​တော့ ပန်းကန်ယူတဲ့​နေရာက​နေစပြီး​တော့ ထမင်းထည့်တဲ့​နေရာ ဟင်းနဲ့အရံဟင်း ဟင်းချိုထည့်တဲ့​နေရာ ဆိုပြီး အစဥ်လိုက်တန်းစီထားတယ်..​
သွားရေကျစဖွယ် ဟင်းပွဲ​တွေရဲ့နောက်မှာ​တော့ ​ယောက်ချိုဇွန်းကြီး​တွေကိုင်ထားပြီးသဘော​ကောင်းတဲ့အန်တီကြီး​တွေက ထည့်​ပေးဖို့အဆင့်သင့်​စောင့်​နေပြီးအ​အေး​တွေနဲ့ အစာ​ပြေမုန့်​တွေက​​တော့ အစွန်ဆုံးဆိုင်​တွေမှာရှိတယ်..​​
နေ့လည်စာအတွက်က ​ကျောင်းလခထဲမှာပါပြီးသားမို့လို့ ထပ်​ပေးစရာ​​တော့မလို​ပေမယ့် ထမင်းဟင်း​​တွေကို​​တော့ သူတို့ထည့်​ပေးသ​လောက်ပမာဏပဲစားလို့ရတယ်..

"အစ်ကို..မြန်မြန်လာ​လေ.."

​အေး​အေး​ဆေး​ဆေးလမ်း​လျှောက်​နေတဲ့ဆူဘင်းကို
ကန့်​လေး​တွေပါတဲ့ ပန်းကန်သန့်သန့်တစ်ချပ်ကိုကမ်း​ပေးရင်း ဟျူနင်း​ပြောလိုက်တယ်..
ကိုယ်တိုင်လဲ တစ်ချပ်မြန်မြန်ယူပြီး​တော့ ​​ဘေးဘီမှာနေရာ​အလွတ်တွေကျန်​မကျန် ကြည့်လိုက်တယ်..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now