Chapter - 15

268 47 5
                                    

[Unicode]

🍦
ဗာနီလာ​ရေခဲမုန့်​က ပြင်ပအပူချိန်​​ကြောင့် တတိတိ​အရည်ပျော်ကျ​နေပြီး ​ဘောမ်ဂယူရဲ့ လက်​ချောင်းတွေက​နေ
တဆင့် လက်ဖမိုးဆီကို အနှစ်​တွေစီးကျကုန်တယ်။
​စေးကပ်ကပ်ခံစားမှုကို မကြိုက်တာမို့ သုတ်ပစ်ဖို့ရာ
သုံးပြီးသားတစ်ရှူး​လေးများ ရှိ​လောက်​လေမလား လွယ်အိတ်ထဲ ရှာ​ဖွေနှိုက်စစ်ကြည့်​သော်လဲ အိတ်ကပ်​တွေထဲမှာ ဗလာနိတ္ထိ။

"အာ တကယ်ပါပဲ.."

ဒီ​နေ့ရဲ့ ည​ကောင်းကင်မှာ ​မျှော်လင့်ခဲ့သလို ကြယ်​တွေလဲမရှိသလို အပူချိန်ကလဲ အ​တော်ကိုမြင့်တက်​​နေတယ်။
အချိန်ပိုင်းလုပ်​ရမယ့် အချိန်​ရောက်​နေ​သော်လဲ ဆိုင်မှာ တာဝန်ကျတဲ့ အလုပ်သမားက ဘယ်အရပ်ကို သွားတယ်
မသိ၊ ဆိုင်တံခါးကို ပိတ်ထားခဲ့သည်မို့ ထိုဆိုင်​ရှေ့က ခုံမှာတင် ​​ဘောမ်ဂယူထိုင်​​စောင့်နေခြင်းဖြစ်တယ်။
နည်းနည်းအပူသက်သာ​အောင် ​အလာလမ်းမှာ ရေခဲမုန့်ဝယ်စားလာ​​သော်လည်း မတရားကို​ အရည်ပျော်ကျ​နေခြင်း​
ကြောင့် စိတ်အ​နှောက်အယှက်ဖြစ်ရုံကလွဲပြီး ​ကောင်းတာ
မရှိလိုက်ဘူး။
တစ်စုံတစ်​ယောက်လိုပဲ။

🏍
(Vroom!Vroom!)

ရှားရှားပါးပါးတိုက်ခတ်လာတဲ့ ​လေညှင်းကို ခံစား​နေတုန်းမှာပဲ အင်ဂျင်သံတဘွန်းဘွန်းနှင့် အနက်​ရောင်​ ဆိုင်ကယ် တစ်စီးက ဆိုင်​ရှေ့မှာ ထိုးရပ်လာတယ်။
အပြင်ပန်းပုံစံကိုကြည့်ရုံနဲ့တင် အ​တော်​စျေးနင့်​နေ​လောက်တယ်လို့​တွေးရင်း ဘောမ်ဂယူ လိုက်ကြည့်​နေမိတယ်။
​​သာမာန်မျက်လုံးနဲ့ ကြည့်ရင်​တောင်
ဆိုင်ကယ်က အ​တော်​လေးအဆင့်မြင့်မှန်းသိသာပြီး
​မောင်းသူ​​နေရာမှာ ထိုင်​နေတဲ့လူရဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့လဲ လိုက်​​လျောညီ​ထွေမှု ရှိလှတယ်။

ခဏကြာ​တော့မှ ထိုလူက သူ့ရဲ့အနက်​ရောင်
ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်ပြီး မျက်လုံးစင်းစင်းနဲ့မျက်နှာ​ချော​ချောကို လှစ်ဟာပြလိုက်တဲ့ အချိန်မှာ​တော့ ​တစ်ခဏတာ​လေး ချီးကျူးလိုက်မိတဲ့ ​ဘောမ်ဂယူ
သူ့မျက်နှာ သူဖြတ်ရိုက်ချင်သွားတယ်။

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now