Chapter-8

349 78 18
                                    

[Unicode]
🌅
သာယာတဲ့​နေ့​လေးရဲ့အဆုံးသတ်မှာ​ နေမင်းကြီးက
အ​နောက်ဘက်အရပ်မှာဝင်အနားယူဖို့ ခပ်ဖြည်းဖြည်း
နိမ့်ဆင်းလာတယ်..
ပန်း​နုရောင် အပြာနု​ရောင်နဲ့ ပုစွန်ဆီ​ရောင်​ ရောခြယ်တဲ့ ​ကောင်းကင်ကြီးမှာ​တော့ အဖြူ​ရောင်တိမ်မျှင်​​တွေက ​
စုတ်ချက်ချထားသလို ဟိုတစ်ဆုပ်ဒီတစ်ပြန့်..
အိပ်တန်းတက်မဲ့ ငှက်ငယ်​တွေကလဲ ကောင်းကင်ကြီးအလယ်မှာ ပုံစံဖွဲ့ကာပျံဝဲ​နေကြပြီး သူတို့ရဲ့အသိုက်ရိပ်မြုံဆီသို့တန်းတန်းမတ်မတ်ပြန်​နေကြတယ်..
တိမ်​တောက်တယ်လို့ အများ​ခေါ်ကြတဲ့ ဒီအချိန်မှာ​တော့ ​လောကကြီးဟာ တန်ဖိုးဖြတ်မရတဲ့ကမ္ဘာ​ကျော်ပန်းချီကားတစ်ချပ်အလား..

"​ရပြီ.."

အလင်း​ရောင်သိပ်မရှိတဲ့အိမ်ခန်း​လေးထဲမှာ ​ဖြစ်​ပေါ်လာတဲ့ ခံစားချက်မဲ့ရင်ခုန်သံ​တွေကလဲ ​နေဝင်ဆည်းဆာနဲ့အပြိုင် လှပလွန်းပါတယ်..

ဟျူနင်းလက်ထဲက တစ်ရှူးစိုစိုကိုဆွဲယူလိုက်တဲ့ ဆူဘင်းက ​မသိမသာနဲ့ဘေးကိုလဲ နည်းနည်းတိုးလိုက်​သေးတယ်..
​ယောင်ကမ်းကမ်းနဲ့ ပြတင်း​ပေါက်က​နေ အပြင်ကိုလှမ်းကြည့်လိုက်​တော့​နေဝင်​ချိန်​တောင်​ရောက်​နေပြီ..
ဟျူနင်းက​တော့ သူ့အခန်းဖြစ်လာ​တော့မယ့် အခန်းငယ်ကို ​ခေါင်းသုံးရာ့​ခြောက်ဆယ်ဒီဂရီလည်ရင်း ကြည့်​နေတုန်းပဲ..

"ပြန်ရ​အောင်.."

"အင်း..အစ်ကို ​တော့ပိုကီစားမယ်ဆို.."

"​နောက်မှ.." "ကျွန်​တော်လဲဗိုက်ဆာ​နေတာ"

တစ်ပြိုင်တည်းထွက်လာတဲ့ စကားသံနှစ်သံက လုံးလုံး​ထွေး​ထွေး..

"..ဒီ​နေ့မသွားချင်​တော့ဘူးလား"

ဟျူနင်းက ​ဂရုတစိုက်မေးလိုက်​တော့ ဆူဘင်းကအားနာရပြန်တယ်..

"မဟုတ်ဘူး..သွားမယ်​ ဒီနားမှာ တော့ပိုကီ​ကောင်းတဲ့ဆိုင်ရှိတယ်..မင်း​ကျွေးရမှာ​နော်!"

"ဟုတ်ပါပြီဗျာ.."

ဒီသုံးထပ်တိုက်​လေးရဲ့​ရှေ့တည့်တည့်မှာတင် စတိုးဆိုင်တစ်ဆိုင်ရှိတယ်..ဆူဘင်းတို့လမ်းနဲ့မတူတဲ့ အချက်က မကျဥ်းမကျယ်ကွန်ကရစ်လမ်းမတစ်​လျှောက်မှာ အပင်​တွေသိပ်မရှိတာပဲ..အဲ့ဒီအစား အိမ်​တွေကပိုများတယ်..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now