Chapter- 14

255 48 3
                                    

[Unicode]

.☽︎.
​​​နေ့အလင်း​ရောင်အနည်းငယ်ကျန်​နေဆဲ ကောင်းကင်​ပေါ်က ခပ်​ရေး​ရေးလခြမ်း​လေးကို ​ဘောမ်ဂယူ​မော့ကြည့်လိုက်တယ်..
ညအချိန်​ရောက်လို့ ကြယ်​လေး​တွေပါ ထွက်လာရင်​
လှလွန်း​နေ​လောက်တယ်လို့ တွေးရင်း ကားလမ်းမ​ဘေးက လူသွားလမ်းမှာ ညင်ညင်သာသာနဲ့ ခပ်ဖြည်းဖြည်း​
လျှောက်လှမ်းလာတယ်..

"ဒီမှာ! ဒီမှာ!"

​နောက်က ​ခေါ်သံကြားတာမို့ လှည့်ကြည့်လိုက်​တော့
စာအုပ်ကလပ်က ကိစ္စမျိုးစုံကြားမှာ ​တွေ့ခဲ့တဲ့ သူငယ်ချင်းဖြစ်​နေတယ်..

"အာ ထယ်ဟွန်းပါလား.."

​ဘောမ်ဂယူ့ကိုအမှီလိုက်နိုင်သွားတဲ့ ထယ်ဟွန်းက အနည်းငယ်​မောဟိုက်​နေပုံ​ပေါက်ပြီး တစ်ခုခုကိုလဲ စ​ပြောချင်​နေပုံရတယ်..

"မင်းလည်းဒီလမ်းကပဲ ပြန်တာလား"
"အင်း ဟုတ်တယ်..ဒါနဲ့​ ငါ့ကို မမှတ်မိဘူးလား"

"မှတ်မိတယ်​လေ..ခုနက စာအုပ်ကလပ်မှာ.."

ဘောမ်ဂယူ အ​နောက်ဘက်ကို လည်ပြန် လက်ညှိုးထိုးရင်း ​ပြောလိုက်တယ်..

​"မဟုတ်ဘူး..အဲ့ဒါမဟုတ်ဘူး
အရင်က မ​တွေ့ ဖူးဘူးလားလို့"

​ဘောမ်ဂယူ တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ မှတ်ဥာဏ်​တိတ်​ခွေကို ​နောက်ပြန်ရစ်လိုက်​ပေမယ့် ​ယောန်ဂျွန်းနဲ့ ပတ်သတ်တဲ့ စိတ်ညည်းညူစရာအ​ကြောင်း​တွေအပြင် ထူးခြားတာ ဘာမှထွက်မလာဘူး..
အ​ရှေ့က ​ကောင်​လေးက​တော့ သေချာတွေး​တော​နေတဲ့သူ့ကို ကြည်​တောက်တဲ့မျက်လုံး​တွေနဲ့ ​စိုက်ကြည့်​နေတယ်..

"​​သေချာမသိ​တော့ဘူး..ငါတို့ ​တွေ့ ဖူးကြလို့လား"

​ဘောမ်ဂယူရဲ့ အ​ပြောမှာ ထယ်ဟွန်းက သက်ပြင်းလို့
မဆိုသာတဲ့ ပင့်သက်ရှိုက်မှု ​သေး​သေးကို ပြုလုပ်လိုက်ပြီး တစ်​ယောက်တည်း အ​ရှေ့ကို ဆက်​လျှောက်သွားတယ်..

"​အရင်အပတ်တုန်းကလေ"

​ဘောမ်ဂယူ ထယ်ဟွန်းကို အမှီလိုက်ရင်း ​ဘေးမှာယှဥ်ရပ်လိုက်တယ်..

"အရင်အပတ်က? အင်း..အရင်အပတ်တုန်းက.."

မျက်လုံးကို စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်ရင်း စဥ်းစား​​နေတဲ့ ​ဘောမ်ဂယူ့ကို ကြည့်ရင်း ​ထယ်ဟွန်းပြုံးမိတယ်..
သူက တကယ်ကြီး မမှတ်မိ​တော့တာပဲ..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now