[Unicode]
_ပင်လယ်ရေကဒီလောက်အေးစက်မှန်း စောစောထဲကသာသိခဲ့ရင် အလဟသတ်မဆင်းခဲ့ပါဘူး..
မျက်စိရှေ့ကမှောင်မိုက်နေတဲ့အရာတွေက ငါးလား အမှိုက်တွေလား ဝိုးတိုးဝါးတား..
နားထဲကိုလဲရေတွေဝင်ကုန်ပြီထင်ပါတယ်..နောက်ဆုံးအချိန်လေးမှာတောင် ဘာအသံမှမကြားနိုင်တော့ဘူး..
လက်တွေခြေတွေနဲ့ လေးလံလာတဲ့ခန္ဓါကိုယ်ကပင်လယ်ကြမ်းပြင်နဲ့တဖြည်းဖြည်းနီးကပ်လာတာမို့
အရင်ကဘယ်လောက်ပဲလေ့ကျင့်ခန်းတွေလုပ်ခဲ့လုပ်ခဲ့ ရေထဲမှာတော့အကုန်အချည်းနှီးပဲဆိုတာ အခုချိန်မှသိရလောက်အောင် ဦးနှောက်ကတုံးလွန်းပါတယ်..
မျက်လုံးကိုလဲမဖွင့်နိုင်တော့ဘူး..
အေးတယ် အရမ်းအေးတယ်..ဒီလိုအချိန်မှာတောင် ကမ်းပေးမယ့်လက်တစ်စုံကိုမမြင်နိုင်တော့တဲ့အထိ
အရင်ဘဝကအပြစ်တွေများလွန်းတာလား..
အေးတယ် အရမ်းအေးတာမို့ အသက်ဆက်မအောင့်ထားနိုင်တော့တာမို့..ငါ့ကို..တစ်ယောက်ယောက်လာကယ်ပေးပါလား..__တစ်ဖြည်းဖြည်းနစ်မြုပ်လာတဲ့ကောင်လေးက အရမ်းကိုသနားဖို့ကောင်းလွန်းတယ်..လက်တစ်ဖက်ကိုမျှော်လင့်ချက်အပြည့်နဲ့အပေါ်ကိုမြှောက်ထားပေမယ့် ဆုတ်ကိုင်ပေးမယ့်လူမရှိဘူး..
ဒါပေမယ့် မြင်နေရတဲ့နောက်ဆုံးနေအလင်းရောင်ကိုဖောက်ထွင်းပြီး ပူစီပေါင်းလေးတွေပလုံစီနေတဲ့ကြားထဲကနေ တစ်စုံတစ်ခုက သူ့ဆီကိုကူးခတ်လာတာကို မှိတ်လုနီးပါးဖြစ်နေတဲ့မျက်လုံးတွေကနေမြင်လိုက်ရတယ်.._ဟမ်..အဲ့ဒါဘာလဲ ငါ့ကိုစားဖို့လာတဲ့ငါးထင်တယ်..
မဟုတ်ဘူးလား ရေသူမလား..
အယ် နွေးထွေးလိုက်တာ..အေးစိမ့်နေတဲ့ရေနက်နက်ထဲမှာတောင် ဒီဘာမှန်းမသိတဲ့အရာရဲ့ပွေ့ဖက်ခြင်းကိုခံစားလိုက်ရတာက အရမ်းကိုနွေးထွေးတာပဲ..________
ပြတင်းပေါက်ကိုဖြတ်ပြီးတိုက်ခတ်နေတဲ့ ပင်လယ်လေက အပြာနုရောင်လိုက်ကာပါးပါးကိုတဖြတ်ဖြတ်
လွင့်နေစေတယ်..လူနာကုတင်ဘေးက ထိုင်သူမရှိတဲ့ခုံလေးပေါ်မှာတော့ အထီးကျန်နေတဲ့ တစ်ပွင့်တည်းသောနေကြာပွင့်လေးကနွမ်းနေရှာပြီ..အဖြူစွတ်စွတ်နံရံတွေကြားထဲက လေထုကဆေးနံ့တွေနဲ့ရောယှက်နေတာမို့ မနှစ်မြို့ချင်စရာကောင်းပေမယ့် ကုတင်ပေါ်က
ကောင်လေးကတော့ အေးအေးချမ်းချမ်းကိုအိပ်ပျော်နေတယ်..
YOU ARE READING
𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》
Fanfiction"𝐈 𝐟𝐨𝐮𝐧𝐝 𝐲𝐨𝐮 𝐢𝐧 𝐭𝐡𝐞 𝐬𝐞𝐚" #hueningkai #soobin #yeonjun #beomgyu #taehyun