Chapter - 16

513 50 19
                                    

[Unicode]

မျက်စိ​ရှေ့​မှောက် လင်း​ရောင်ဖြာတဲ့ ​မျှော်လင့်ချက်လေးက ဝဲပျံ​နေတယ်။ ဖမ်းဆုတ်ဖို့ရာ မတတ်နိုင်၊
လွှတ်​ပေးလိုက်ဖို့ရာလဲ ဝေးအရပ်ကို ​ထွက်​ပြေးသွားမှာ စိုးရွံ့​နေရတယ်။

"ကမ္ဘာကြီးက ကျဥ်းကျဥ်း​လေးပဲ​။
သူ့ကို ပြန်​တွေ့ရင် ​သူ​တောင်းဆိုတာမှန်သမျှ ငါလုပ်​ပေးမယ် အဲ့ဒါက သူငါ့ကို ကယ်တင်​ပေးခဲ့တယ်ဆိုတာထက်
ငါ့ကို ​အသက်ဆက်ရှင်ဖို့မျှော်လင့်ချက်​တွေ​ပေးခဲ့တာမို့​လေ။"

ဟျူနင်းရဲ့  ရင်ထဲသိမ့်ကနဲနှင့် လွင့်မျော​မျောခံစားချက်
တစ်ခုကို ခံစားလိုက်ရတယ်။
ထို​နေ့ကအဖြစ်အပျက်ကို သူ​လုံးဝ မေ့​မေ့​ပျောက်​ပျောက်ဖြစ်​နေခဲ့တာ၊ ​​နေ့ရက်တိုင်းမှာ ဆူဘင်းက နံ​ဘေးမှာ အန္တရာယ်ကင်းစွာနဲ့ ကျန်းကျန်းမာမာရှိ​နေတာမို့ သူ့ရဲ့
စိတ်အစုံမှာ ထို​အရာဟာ အိပ်မက်တစ်ခုလို၊ မြူခိုးမှုန်​တွေလို ​တဖြည်းဖြည်းဝေ့​ဝါး​လာခဲ့တာ။
တစ်ချိန်ထဲမှာပဲ တစ်စုံတစ်​ယောက်အတွက် အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက်နှယ် ဖြစ်​ပေါ်​စေခဲ့တဲ့ ကိုယ့်ကိုကိုယ်ကိုလဲ ချီးကျူး​နေချင်မိတယ်။

"တကယ် ကျွန်​တော် ​တောင်းဆိုတာမှန်သမျှ
လုပ်​ပေးမှာလား"
ဆူဘင်းက သူ့အ​ကြောင်းကို အ​ရေးတယူစာစီပြီး ​ပြော​နေတာမို့ အနည်းငယ် မြူးထူးပြီး အ​တွေး​တွေနဲ့ ​ရောကာ
တစ်​ယောက်တည်း​ထွေး​​ပွေ့ထားတဲ့ လျှို့ဝှက်ချက်ကို
လွှတ်ကနဲ ​ထုတ်ပြောလိုက်မိတယ်။

ထိုစကား​ကြောင့် ဆူဘင်းက ​ကြောင်စီစီဖြစ်သွားတဲ့အသံနဲ့ ​မေးလိုက်တယ်။
"ကျွန်​တော်??"

ဘာကိုဆိုလိုချင်မှန်း သ​ဘောမ​ပေါက်​သေးတဲ့ ဟျူနင်းက​တော့ အ​တွေးကမ္ဘာထဲ ​ယောင်လည်ရင်း ဆူဘင်းရဲ့ ပါးကို ကိုင်ထားတုန်းပဲ..

"...."

"မင်း ​စောနက ဘာ​ပြောလိုက်တာလဲ.."

ရယ်တစ်လှည့် ပြုံးတစ်လှည့်လုပ်​နေရင်း လက်ဖဝါး​အောက်က အထိအ​တွေ့နူးညံ့တဲ့ ပါးပြင်ကို လက်ညှိုးထိပ်​လေးနှင့် ဖွဖွထိုး​နေတဲ့ လက်ကို ဆူဘင်း ဆွဲဖယ်ချလိုက်မှ သတိပြန်ဝင်လာတဲ့ ဟျူနင်းက အလန့်တကြားနှင့်။

You've reached the end of published parts.

⏰ Last updated: Sep 16, 2021 ⏰

Add this story to your Library to get notified about new parts!

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now