Chapter-12

452 75 37
                                    

[Unicode]

"​ချွဲဘောမ် ဒီ​နေ့ မင်းအမှိုက်သွားပစ်ရမယ့် အလှည့်​နော်!"

ဂျွန်မင်ကအခန်း​ထောင့်က ပြည့်လျှံ​နေတဲ့ အမှိုက်ပုံးကို လက်ညှိုးထိုးပြရင်း ​စာဖတ်​နေတဲ့ဘောမ်ဂယူ့ပုခုံးကို ပုတ်ကာ ပြောတယ်..

"​အော် ဟုတ်လား..​ငါသွားပစ်လိုက်မယ်.."

​ဘောမ်ဂယူက ထိုခပ်​သေး​သေးအမှိုက်ပုံးကို ဂျွန်မင်အကူအညီနဲ့ မ ယူရင်း ဆွဲသွားလို့ရတဲ့ ဘီး​လေးဘီးတပ်စတီးလှည်းအ​သေး​လေး​ပေါ်ကို တင်လိုက်တယ်..
ပြီး​တော့ ဆရာမ မလာခင် အချိန်မှီပြန်လာနိုင်ဖို့
လှည်းကိုဆွဲရင်း ​ကျောင်းအ​နောက်မှာရှိတဲ့ အမှိုက်ပစ်ရာနေရာကို ခပ်သွက်သွက်သွားလိုက်တယ်..

🌱
အတန်းချိန်မ​ရောက်​သေးတာမို့ ​ကျောင်းဝန်းထဲမှာ ​ကျောင်းသူ​ကျောင်းသား​တွေ ဟိုတစ်စု၊ ဒီ​တစ်စုရှိ​နေကြတယ်ဆိုတာ သာမာန်ပဲဆို​ပေမယ့် အရင်နဲ့ မတူညီစွာ
သူတို့က တစ်​နေရာထဲကို စုပြုံကြည့်​နေကြတယ်.. တစ်စုံတစ်ခုကိုလဲ တိုးတိတိုးတိ​ပြော​နေကြ​​သေးတယ်..

"ဟဲ့​​​!ဟဲ့ ဟိုမှာကြည့်စမ်း..အဲ့ဒါချွဲ​ယောန်ဂျွန်းမလား.."

ရင်းနှီးမလိုနဲ့ စိမ်းသက်​နေတဲ့ နာမည်ကို တိုးရိပ်ရိပ်ကြားလိုက်ရချိန်မှာ​တော့ ​ဘောမ်ဂယူရဲ့ ​ခြေလှမ်း​တွေအလိုလိုရပ်တန့်သွားတယ်..

"​အသုံးမကျတဲ့ သား! အရှက်ခွဲခံလိုက်ရ​တော့ ဘယ်လို​နေလဲ..​အေး ငါလဲ အခု​လေးတင် အစည်းအ​ဝေးမှာ အဲ့လိုခံစားချက်မျိုးခံစားလာရတာကွ.."

မခိုင်း​စေပါပဲ ထိုနာမည်ပိုင်ရှင်ရှိ​နေမယ့်နေရာကို ​ရောက်သွားတဲ့ ​ဘောမ်ဂယူရဲ့ မျက်လုံး​တွေက မဝံ့မရဲ..

ထိုလူက​တော့ သူ့ရဲ့မျက်နှာကို ​ရှက်ရွံ့သလိုအောက်ကိုငုံ့ထားရင်း လက်တစ်စုံက​တော့ ဒေါသ​ကြောင့် တစ်ဆက်ဆက်တုန်​ရီနေတယ်..
အမြဲတမ်း လူ​တွေရဲ့အထင်ကြီးမှု၊ ​ကြောက်ရွံ့မှု​တွေနဲ့ ​
နေသားကျ​နေတဲ့သူက အခု​တော့ ထိုလူ​တွေရဲ့ အံ့သြမှု၊ အထင်အမြင်​သေးမှု​တွေကို ရင်ဆိုင်​နေရတယ်..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now