Chapter- 13

241 54 9
                                    

[Unicode]

🤾🏻‍♂️

ဒီ​နေ့ဟာ ကလပ်ရဲ့ ပထမဆုံး​​လေ့ကျင့်​ရေးဆင်းတဲ့နေ့ဖြစ်သလို အသင်းဝင်အသစ်တွေရဲ့ ​ဘောလီ​ဘောစွမ်းရည်ကို စမ်းသပ်စစ်​​ဆေးပြီး ပထမဆုံးကစားမယ့် အသင်းဝင်​တွေကိုလဲ ​ဂိမ်းအ​ကြောင်းရှင်းပြ​ပေးရမယ့် ​နေ့လဲဖြစ်တယ်..
ပုံမှန်အားဖြင့် ထိုကဲ့သို့ကိစ္စ​မျိုးတွေကို ခေါင်း​​ဆောင်ဖြစ်သူက စီမံကြီးကျပ်ရတာဆို​ပေမယ့် အခုချိန်မှာ အသင်း ​ခေါင်း​ဆောင်က ယောန်ဂျွန်းဖြစ်​နေတာမို့ ဒု​ခေါင်း​ဆောင် ဂျယ်မင်းကပဲ
အစအဆုံး လိုက်လုပ်​ပေးရတယ်..

"ဂျယ်မင်း မင်းပဲရှင်းပြလိုက်​နော်.."

အဝတ်ကြမ်းတံမြက်စည်းနဲ့ အခန်းသန့်ရှင်း​ရေးလုပ်​နေတဲ့ ဂျယ်မင်းကို နည်းပြထိုင်တဲ့ခုံတန်းမှာ ​ခြေချိတ်ကာ
ထိုင်​နေတဲ့ ​ယောန်ဂျွန်းက ​ပြောလိုက်တယ်..

"​ချွဲယောန်ဂျွန်းရယ် နားနား​နေ​နေ​ နေပါ့လား..
အရမ်း​ပင်ပန်း​နေမှာဆိုးလို့"

"အဲ့ဒီအစား အစမ်းပွဲကို​တော့
ငါဦး​​ဆောင်လိုက်ရင် ရပြီမလား..ပြီး​တော့ဒီ​နေ့ သိပ်စိတ်ပါမ​နေဘူး"

​ယောန်ဂျွန်းက သန်း​ဝေလိုက်ရင်းပြောတယ်..

"​ပြီးတာပဲ..ထိုင်မ​နေနဲ့​တော့ က​လေး​တွေလာ​တော့မယ်
ဒါနဲ့ မင်းနားရွက်က အဆင်​ပြေရဲ့လား..​
ဆေးထည့်ထားစမ်းပါကွာ နီရဲ​နေတုန်းပဲ"

ညစ်​ပေ​နေတဲ့တံမြက်စည်းကို ​ရေပုံးထဲနှစ်ထည့်လိုက်ရင်း ဂျယ်မင်းက​ပြောတယ်..​

"ထားလိုက် ကြာရင်​ပျောက်သွားလိမ့်မယ်"

"မင်္ဂလာပါ!!..ကျွန်​တော်တို့​ရောက်ပါပြီ"

​စကား​ပြော​နေတုန်းမှာပဲ အ​နောက်က နှုတ်ဆက်သံကြားလိုက်ရတာမို့ ဂျယ်မင်း လှည့်ကြည့်လိုက်​တော့ အရပ်ရှည်ရှည်နဲ့ ကျောင်းသားနှစ်​ယောက်ဖြစ်​နေတယ်..
Blocker​နေရာအတွက် အသင့်​တော်ဆုံး​​လေး​တွေပေါ့..

"အာ ဟုတ်ပြီ..မင်းတို့က အ​စောဆုံးရောက်လာတာပဲ..
အ​နောက်ကအခန်းထဲမှာ အင်္ကျီအရင်လဲထားလိုက်​​..
လူစုံရင် စကြမယ်"
_____

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now