Chapter-4

398 87 24
                                    

[Unicode]

သစ်ကိုင်းသစ်ရွက်​တွေကြားထဲကတိုးထွက်လာတဲ့ပျောက်ကျားနေ​ရောင်ခြည်​က အောက်မှာ ထိုင်​နေတဲ့ဆူဘင်းရဲ့ ဆံပင်နက်နက်​နဲ့ ညစ်​ပေ​နေတဲ့​ကျောင်းအင်္ကျီအဖြူ​ပေါ်မှာ ကျိုးတိုးကျဲတဲ..

"အစ်ကိုဆူဘင်း.."

တအံ့တသြနဲ့ဟျူနင်းမြင်လိုက်တာက ​မြေ​ပေါ်မှာထိုင်​နေတဲ့ဆူဘင်းတင်မဟုတ်..​ဘေးမှာ တုံးလုံးပက်လက်အ​နေအထား​တွေနဲ့တခြား​ကျောင်းသား ၃​ယောက်ပါရှိ​နေ​သေးတယ်..

"ဟင်.."

ဟျူနင်းရဲ့​ခေါ်သံအဆုံးမှာ​တော့ ဆူဘင်းမျက်နှာနည်းနည်း​မော့လာတယ်..ပြီး​တော့ မျက်စိကျိန်းသွားသလို မျက်လုံးကိုပုတ်ခလတ်ပုတ်ခလတ်လုပ်ရင်း ပြူးတူး​ကြောင်​တောင်ဖြစ်နေတဲ့ဟျူနင်းကိုကြည့်တယ်..

"အစ်ကို..ရန်ဖြစ်ထားတာလား.."

ဆူဘင်းကမတ်တပ်ရပ်လိုက်ပြီး ​ဘောင်းဘီမှာကပ်​နေတဲ့ ဖုန်​တွေသဲ​တွေကို လက်နဲ့တဖတ်ဖတ်ခါချတယ်..

"မျက်နှာမှာလဲ ဒဏ်ရာ​တွေနဲ့!အရင်ဆုံး ဒီနားက​နေမြန်မြန်​သွားရ​အောင်"

"ဘယ်ကိုသွားရမှာလဲ.."

လွယ်အိတ်နှစ်လုံးနဲ့ဟျူနင်းက ​ပေကပ်ကပ်လုပ်​နေတဲ့ဆူဘင်းလက်ကိုဆွဲပြီး ဟိုဘက်ကြည့်ဒီဘက်​ချောင်းနဲ့
တစ်​​နေရာကို​​ခေါ်လာခဲ့တယ်..
.
.
အမြဲတမ်း..​​သေသွားလဲကိစ္စမရှိဘူးလို့​တွေး​နေ​မိပေမယ့် တကယ်​အကျပ်အတည်းထဲ​ရောက်​​နေတဲ့အချိန်​ကျရင်​တော့..ငါလဲအသက်ရှင်ဖို့ ရုန်းကန်ခဲ့တာပဲ..​​လောကမှာသေချင်​နေတဲ့လူမရှိဘူးဆိုတဲ့ အဘွားရဲ့စကားက တယ်မှန်တာပဲ..

ပြီး​တော့ ​ရှေ့ကတစ်​ယောက်..လက်​ကောက်ဝတ်ကိုဆွဲထားတဲ့သူ့လက်​တွေက..ထူးထူးဆန်းဆန်းပဲ..
နွေး​ထွေး​​နေတာ ရင်ဘတ်ထဲအထိခံစားရတယ်..အဲ့ဒီတုန်းကလို..ငါ့လက်ကိုဆွဲထား​ပေးတဲ့ အဲ့ဒီလူရဲ့လက်​တွေလို..
.
.
ဟျူနင်းရဲ့ဦး​ဆောင်မှု​နောက်က​နေ ခပ်​ဖြေး​ဖြေး​ပြေး​နေတဲ့ဆူဘင်း ​လေအတိုက်မှာတလွင့်လွင့်​မျော​နေတဲ့ ​မြင်ကွင်း​ရှေ့ကဆံပင်အညို​ရောင်လှိုင်း​ကောက်​​​တွေကိုကြည့်ရင်း အ​တွေးများ​နေမိတယ်..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now