Chapter-11

322 58 7
                                    

[Unicode]

ည​နေ၅နာရီ​လောက်ရှိပြီမို့ ​ကောင်းကင်ကြီးထက် တိမ်​သားကင်းစင်ကာ ​မှောင်ရိပ်ပျိုးလျက်ရှိတယ်..​ကျောင်းသား​တွေလဲ အသီးသီးပြန်သွားကြပြီမို့ ​ကျောင်းဝန်းတခွင်က သာမာန်ထက်ပိုတိတ်ဆိတ်လို့​နေတယ်..

"မီမီစားရ​အောင် အိမ်ကို တစ်ခုခုဝယ်သွားရင်​ကောင်းမလား.."

​ဘောမ်ဂယူလွယ်အိတ်ကြိုးကို ခပ်​​လျော့​လျော့ကိုင်ကာ လမ်း​လျှောက်​နေရင်း တိုးတိုး​ပြောလိုက်တယ်..​ဂျွန်မင်က ကိစ္စရှိလို့ အရင်ပြန်သွားနှင့်ပြီမို့ ဒီ​နေ့​တော့ ​ကျောင်းဂိတ်ဝထိ အတူတူလိုက်​ပေးမယ့် သူငယ်ချင်းမရှိ​တော့ဘူး..
​အဲ့ဒါ​ကြောင့် ​ဘောမ်ဂယူ​ခြေလှမ်း​တွေကို အရှိန်မြှင့်လိုက်တယ်..

"မင်းက ငါတို့ညီ​လေးနှစ်​ယောက်ကို ဒဏ်ရာဒဏ်ချက်ဖြစ်​အောင် လုပ်လိုက်တယ်ဆို ဟုတ်လား၊ ဟုတ်လား!"

တိတ်ဆိတ်လွန်း​နေတဲ့ ​ကျောင်းဝန်းရဲ့အ​ခြေအ​နေကို
ဖြိုခွဲလိုက်တဲ့ အသံကျယ်ကျယ်..

"အယ်..ဘာအသံလဲ.."

​ဘောမ်ဂယူ အသံလာရာဘက်ကိုမှန်းပြီး မြန်မြန်သွား
ကြည့်လိုက်တယ်..အရင်တစ်ခါကလဲ အဲ့လိုစပ်စုနည်းနဲ့ စပ်စုခဲ့လို့ခဏခဏပြသာနာတက်မလို ဖြစ်ခဲ့ရ​ပေမယ့်
တကယ်လို့များ ​ကျောင်းသားတစ်​ယောက်​​ယောက်က သူ့ရဲ့ အကူအညီကိုလို​နေခဲ့ရင်​ရော..
သိချင်စိတ်ရဲ့လှုံ့​ဆော်မှု​ကြောင့် ​​အသံလာရာ ကျောင်း
အ​​ဆောက်အဦး​နောက်ကို​ရောက်သွား​တော့ စက်ဘီး​တွေထားတဲ့​နေရာမှာ လူဆယ်​ယောက်​လောက်​ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်..
အတိအကျဆိုရင်​တော့ ဒီရန်ပွဲက ရှစ်ယောက်နဲ့
နှစ်ယောက် မမျှမတဘက်ကွဲ​​နေတာမျိုးပဲ..

"မဟုတ်​သေးပါဘူး..အဲ့ဒီနှစ်​ယောက်က ငါတို့အသင်းက
မလား.."

​ဘောမ်ဂယူ အ​နောက်ကိုနည်းနည်းပြန်ဆုတ်လိုက်ပြီး မနီးမ​ဝေးက သစ်ပင်​နောက်မှာပုန်းကာ ဆရာတစ်​ယောက် ​ပြေး​ခေါ်သင့်၊ မ​ခေါ်သင့် အ​ခြေအ​နေကို သုံးသပ်​နေလိုက်တယ်..

"ခင်ဗျားတို့ဘက်ကလူက အရင် သူ့ကိုရန်ပြုတာ..
အဲ့ဒါ​ကြောင့် ပြန်ခုခံလိုက်တာ​ကို မှားတယ်လို့​ပြောလို့
မရသလို ကိုယ်ထိလက်​ရောက်ကျူးလွန်တာကလဲ ခင်ဗျားတို့ဘက်ကပဲ..
သူလဲထိုက်သင့်တဲ့အပြစ်ကိုခံယူပြီးပြီမို့ ဒီကိစ္စမှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ဒီထက်ပိုပြီး တွယ်ကပ်​နေဖို့ မလို​အပ်ဘူးလို့ ထင်တယ်.."

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now