Chapter-1

590 94 13
                                    

[Unicode]

ဘဝရဲ့အ​​ကောင်းဆုံးအချိန်အပိုင်းအခြား​တွေထဲမှာမှ
​ရောင်စုံခြယ်တဲ့​ကောင်းကင်​အောက် သဲ​သောင်​ပြင်​ပေါ်မှာ ပင်လယ်ကြီးနဲ့​ပျောက်ကွယ်လုစ​နေမင်းကြီးကိုထိုင်ကြည့်​နေနိုင်တဲ့ အခုချိန်က အ​အေးချမ်းဆုံးနဲ့ အသာယာဆုံးပဲ..
ခြေ​ထောက်​တွေကိုဖက်တွယ်ထားတတ်တဲ့သဲဖြူဖြူ​​တွေကို လူအများစုကမနှစ်သက်ကြ​ပေမယ့် ကျွန်​တော်က​တော့ သ​​ဘောကျတယ်..
ပင်လယ်က​နေ ဖြတ်တိုက်လာတဲ့​လေ​ပြေကလဲ ကဗျာတစ်ပုဒ်လို နိဒါန်းကနူးညံ့ပြီး နိဂုံးကလှပတယ်..

"အား..အိမ်မပြန်ချင်ဘူးကွာ.."

တစ်ခါတစ်​လေ ကိုယ့်ကိုကိုယ်​ရေသူထီးဖြစ်သွားပါ​စေလို့ ​ရေချိုးတိုင်းဆူဘင်းဆု​တောင်းမိတယ်..အခုလဲ ပြန်​ပါ​တော့မယ်ဆိုမှ ​ရေပြင်​ထက်မှာ စက်ဝန်းတစ်ခြမ်းစာ​တောင်မ​ပေါ်​တော့တဲ့​နေမင်းရဲ့ လက်ကျန်အလင်း​ရောင်ဟပ်​နေတဲ့ပင်လယ်လှိုင်းကြက်ခွပ်​လေး​တွေက ​ဆူဘင်းရဲ့အာရုံကိုဆွဲ​ဆောင်ထား​နေတုန်းပဲ..

"အယ်..ဘာလဲအဲ့ဒါ!"

​ကျယ်ပြန့်လွန်းတဲ့​ရေပြင်ကို​တ​မေ့တ​မောငေး​ကြည့်​နေရင်း ကမ်းစပ်အလွန်​ကျော်​ကျော်​လောက်မှာ လှုပ်စိလှုပ်စိနဲ့တစ်ခုခု​မြောပါလာတာကို ဆူဘင်းလျှပ်တပြတ်​​တွေ့လိုက်ရတယ်..​သေ​သေချာချာထကြည့်​တော့မှ ​အဲ့ဒီခပ်လှမ်းလှမ်းကအရာက စက္ကူလိပ်​လေးတစ်ခုထည့်ထားတဲ့ကော်ကြည်ပုလင်း​လေးတစ်ခုဖြစ်​နေတယ်..

ဆူဘင်းကအရမ်းကို​မေ့​လျော့တတ်လွန်းသလို သတိလဲမထားတတ်ဘူး..​မဖြစ်စ​လောက်​လေးပဲ ကျန်​တော့တဲ့​နေ့အလင်း​ရောင် လူသူကင်းမဲ့​နေတဲ့ကမ်း​ခြေ ​နောက်ဆုံး​ရေမကူးတတ်တဲ့ကိုယ့်ကိုကိုယ်​တောင်မေ့ပြီး ​ရေထဲကို​ပြေးဆင်းသွားရဲတယ်..
.
.
အဲ့ဒီအချိန်ခဏတာ​လေး ​ခြေ​ထောက်​ပေါ်မှာကပ်​နေတဲ့သဲဖြူဖြူ​တွေက ​ရေအစီးမှာ​မျောပါသွားတဲ့အချိန် ဆူဘင်းခြေ​ထောက်နှစ်ဖက်က ​မြေပြင်နဲ့လွတ်ထွက်သွားသလို တစ်ချိန်တည်းမှာပဲသူလဲ​ချောက်တစ်ခုထဲကို ​မျှော်လင့်ချက်မဲ့စွာ ​ပြုတ်ကျသွားသလိုခံစားခဲ့ရတယ်..အရမ်းကိုနက်နဲပြီးအဆုံးမရှိတဲ့ ပင်လယ်ဆိုတဲ့​ချောက်ကြီး..
.
.
_အာ ​ရေနစ်တယ်ဆိုတာ ဒီလိုမျိုးလား..​ရေမကူးနိုင်တဲ့ငါ့ကို ပင်လယ်ကြီးကအပြစ်​ပေးတာပဲ..အယ် မဟုတ်ဘူး​လေ ငါ​လေမင်းကို အရမ်းသ​ဘောကျခဲ့တာကို..
​.
ကြောက်တယ်..တစ်ကိုယ်လုံးကိုလှုပ်ခါရမ်းပြီး အ​ပေါ်ကိုတက်ဖို့ကြိုးစား​ပေမယ့်လဲ မမြင်နိုင်တဲ့တစ်ခုခုက ​​အောက်က​နေ အတင်းဆွဲချ​နေသလိုပဲ..
မျက်လုံး​တွေစပ်တယ်..အသက်ရှူလို့မရ​တော့ဘူး..တစ်​​​​ယောက်​လောက်..မဟုတ်​ဘူး..ငါ့ကိုလာကယ်မယ့်လူ ဘယ်သူရှိမှာလဲ..
လည်​ချောင်းနာလိုက်တာ..ဒီလိုမှန်းသိခဲ့ရင် အ​မေ​ပြောသလို သူငယ်ချင်းတစ်​ယောက်​​လောက်ရှာထားပါတယ်..
ငါ​ဒီမှာ​​သေသွားရင် ရေသရဲတန်းဖြစ်မှာလား..မုန်းလိုက်တာ..
အထက်တန်း​တောင်မတက်ရ​သေးတာကို ရည်းစားလဲမထားရ​သေးဘူး​လေ..​
.
ပင်လယ်​ရေကဒီလောက်​အေးစက်မှန်း ​စော​စောထဲကသာသိခဲ့ရင် အလဟသတ်မဆင်းခဲ့ပါဘူး..
မျက်စိ​ရှေ့က​မှောင်မိုက်​နေတဲ့အရာ​တွေက ငါး​လား အမှိုက်တွေလား ဝိုးတိုးဝါးတား..
နားထဲကိုလဲ​ရေ​တွေဝင်ကုန်ပြီထင်ပါတယ်..​နောက်ဆုံးအချိန်​လေးမှာ​တောင် ဘာအသံမှမကြားနိုင်​တော့ဘူး..
လက်​တွေ​ခြေ​တွေနဲ့ ​လေးလံလာတဲ့ခန္ဓါကိုယ်ကပင်လယ်ကြမ်းပြင်နဲ့တဖြည်းဖြည်းနီးကပ်လာတာမို့
အရင်ကဘယ်​လောက်ပဲ​လေ့ကျင့်ခန်း​တွေလုပ်ခဲ့လုပ်ခဲ့ ​ရေထဲမှာ​တော့အကုန်အချည်းနှီးပဲဆိုတာ အခုချိန်မှသိရ​လောက်​အောင် ဦး​နှောက်ကတုံးလွန်းပါတယ်..
မျက်လုံးကိုလဲမဖွင့်နိုင်​တော့ဘူး..​
အေးတယ် အရမ်း​အေးတယ်..ဒီလိုအချိန်မှာ​တောင် ကမ်း​ပေးမယ့်လက်တစ်စုံကိုမမြင်နိုင်​တော့တဲ့အထိ
အရင်ဘဝကအပြစ်​တွေများလွန်းတာလား..
​အေးတယ် အရမ်း​အေးတာမို့ အသက်​ဆက်မအောင့်ထားနိုင်​တော့တာမို့..ငါ့ကို..တစ်​ယောက်​ယောက်လာကယ်​ပေးပါလား..__
.
တစ်ဖြည်းဖြည်းနစ်မြုပ်လာတဲ့​ကောင်​လေးက အရမ်းကိုသနားဖို့​ကောင်းလွန်းတယ်..လက်တစ်ဖက်ကို​မျှော်လင့်ချက်အပြည့်နဲ့အ​ပေါ်ကို​မြှောက်ထား​ပေမယ့် ဆုတ်ကိုင်​ပေးမယ့်လူမရှိဘူး..
ဒါ​ပေမယ့် ခပ်​ရေး​ရေးမြင်​နေရတဲ့​နောက်ဆုံး​နေအလင်း​ရောင်ကို​ဖောက်ထွင်းပြီး ပူစီ​ပေါင်း​လေး​တွေပလုံစီ​နေတဲ့ကြားထဲက​နေ တစ်စုံတစ်ခုက သူ့ဆီကိုကူးခတ်လာတာကို မှိတ်လုနီးပါးဖြစ်​နေတဲ့မျက်လုံး​​တွေက​နေမြင်လိုက်ရတယ်..
.
ဟမ်..အဲ့ဒါဘာလဲ ငါ့ကိုစားဖို့လာတဲ့ငါးထင်တယ်..
မဟုတ်ဘူးလား ​ရေသူမလား..
​.
အယ် နွေး​ထွေးလိုက်တာ..​အေးစိမ့်​နေတဲ့​ရေနက်နက်ထဲမှာ​တောင် ဒီဘာမှန်းမသိတဲ့အရာရဲ့​ပွေ့ဖက်ခြင်းကိုခံစားလိုက်ရတာက အရမ်းကို​နွေး​ထွေးတာပဲ..
_____
"အဟွတ်! အဟွတ်! ဒီမှာ ဒီမှာ! ထကြည့်ပါဦး"

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now