Chapter-6

368 83 33
                                    

[Unicode]
သာမာန်လခစားမိသားစုမှာ​မွေးဖွားလာတဲ့ ဆူဘင်းက တက်ကြွပြီး သူငယ်ချင်း​တွေအများကြီးနဲ့
လူချစ်လူခင်​ပေါတဲ့က​လေးတစ်​ယောက်..ရပ်ကွက်ထဲမှာတင်မက ​ကျောင်းမှာပါ လိမ္မာတယ်လို့နာမည်ကြီးပြီး စာလဲသိပ်​တော်တဲ့​ကျောင်းသားတစ်​ယောက်..
သူဟာ လောကကြီးကို အရမ်းသ​​ဘောကျခဲ့တယ်..
​အဲ့ဒါ​ကြောင့်မို့ ကောင်း​ကောင်းလဲ​နေထိုင်ခဲ့တယ်..
​​လောကကြီးက သူ့အ​ပေါ်မရက်စက်ခင်အချိန်အထိ​ပေါ့..

"..အဲ့ဒီ​နေ့က အ​ဖေဟာအရမ်းစိတ်ဆိုးနေသလိုပါပဲ..
အ​ဖေနဲ့အ​မေက အခုတ​လောသိပ်အဆင်မ​ပြေသလို ခဏခဏလဲရန်ဖြစ်စကားများကြတယ်..
အထုတ်​တွေဆွဲပြီး အိမ်ထဲကထွက်သွား​တော့မယ့် အ​ဖေ့ကို မိုး​တွေအရမ်းရွာ​နေတယ် မသွားပါနဲ့လို့ ငိုယိုပြီးအတင်းတား​ခဲ့ပေမယ့် ပထမဆုံးအကြိမ်နဲ့ ​နောက်ဆုံးအကြိမ် အ​ဖေက ကျွန်​တော့ရဲ့လက်ကိုလွှတ်ချခဲ့တယ်..ပြန်လာမယ်လို့ကတိ​ပေးခဲ့တဲ့ အ​ဖေက ကတိကို
လဲမတည်ခဲ့ဘူး..
သတင်းစကားတစ်ခု​တောင်မပါးခဲ့ပဲ..နှုတ်​ဆက်စကား​တောင်​မ​ပြောခဲ့ပဲ ဒီ​လောကကြီးအလယ်မှာ ကျွန်​တော့ကိုထားရက်ခဲ့တယ်..
ဆိုးဆိုးရွားရွားပျက်စီးထားတယ်ဆိုလို့ ​နောက်ဆုံးရုပ်အ​လောင်းကို​တောင်မ​တွေ့လိုက်ရပဲ အဖေ့ကိုစွန့်လွှတ်ခဲ့ရတယ်.."

အဲ့ဒီ​နေ့ကတည်းကစပြီး ဆူဘင်းရဲ့ ဘဝအလင်း​ရောင်​လေးက​မှေးမှိန်သွားခဲ့တယ်..
အပြင်ထွက်အလုပ်လုပ်တဲ့ အ​မေထက်စာရင် အ​ဖေဖြစ်သူနဲ့ပိုရင်းနှီးတဲ့ ဆူဘင်းအတွက်​တော့ ဒါဟာမိုး​ကောင်းကင်ကြီးပြိုကျတာထက် အဆ​ပေါင်းများစွာ ထိခိုက်နာကျင်ဆုံးရှုံးရသလိုပဲ..
မယုံချင်စရာ​ကောင်း​ပေမယ့် အသက်၁၅နှစ်​ကျော် ၁၆နှစ်အရွယ် ဆူဘင်းကနည်းနည်း​လေး​တောင်မငိုခဲ့ဘူး ဘာလို့ဆို အ​ဖေက ဒီရက်စက်တဲ့​လောကကြီးထက်ပိုငြိမ်းချမ်းတဲ့​နေရာမှာ သွားအနားယူတာမို့လို့ပဲ တဲ့..

"အ​​ဖေ့ရဲ့ စျာပနာ​နေ့မှာ အ​မေက ​ရောက်မလာခဲ့ဘူး..
အဲ့ဒီအစားငို​ကြွေး​နေကြတဲ့ ​ဆွေမျိုး​တွေတစ်​ယောက်ချင်းဆီကို မငိုနဲ့လို့ လိုက်​ပြောမိ​တော့ သူတို့က 'နင်ကနင့်အ​ဖေ​သေသွားတာကိုဝမ်းမနည်းဘူးလား' တဲ့..
​အော်..​မေးရက်လိုက်ကြတာ.."

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now